အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမယ့် ကမ္ဘောဒီးယားက မြန်မာ့ရေးဆက်လက်ဖိအားပေးမယ်

ဖနွမ်းပင်၊ အောက်တိုဘာ-၂၉-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ မြန်မာအာဏာပိုင်တွေအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံးဆွေးနွေးရေးကို အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမယ့် ကမ္ဘောဒီယားနိုင်ငံက ဆက်လက်ဖိအားပေးသွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ကျရောက်ဖို့ နည်းနည်းသာလိုတော့ကြောင်း သူကသတိပေးပြောဆိုပါတယ်။
 
အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာ၀န်ယူပြီးရင် လာမယ့်နှစ်အစောပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦးကို ခန့်အပ်သွားမယ်လို့သူကဆိုပါတယ်။
 
လက်ရှိအထူးသံတမန်တဦးဖြစ်သူ Erywan Yusof ဟာ အလှည့်ကျဥက္ကဌအဖြစ်ကနေ ထွက်ခွာတော့မယ့် ဘရူနိုင်းနိုင်ငံကို ကိုယ်စားပြုတာဖြစ်ပါတယ်။
 
အာဆီယံအဖွဲ့၀င်နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှုမရှိရေးမူဝါဒကို အားလုံးကလေးစားလိုက်နာ ကျင့်သုံးနေချိန်မှာဘဲ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ စိုးရိမ်းစရာအဖြစ် ဆက်ရှိနေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကပြောပါတယ်။
 
Photo: Reuters
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

✕
VOM News

FREE
VIEW