ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့အမည်ကို Meta အဖြစ်ပြောင်းလဲ

နယူးယောက်၊ အောက်တိုဘာ-၂၉-၂၀၂၁
မျိုးဆက်(VOM)
 
ဖေ့စ်ဘွတ်ခ်ဟာ ကုမ္ပဏီအမည်ကို Meta အဖြစ် အောက်တိုဘာ ၂၈ ရက်မှာ တရား၀င်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။
 
ဒီလိုအမည်ပြောင်းလဲလိုက်တာဟာ ဆိုရှယ်မီဒီယာကို ကျော်လွန်ပြီး ပုံရိပ်ယောင်နည်းပညာကဲ့သို့သော နည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်နိုင်ဖို့ဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
 
ကုမ္ပဏီပြောင်းလဲလိုက်ပေမယ့် အင်စတာဂရမ်နဲ့ ၀ပ်အက်ပ်တို့ကဲ့သို့ပင် ဖေ့စ်ဘွတ်ခ် အက်ပလီကေးရှင်းအပေါ် သက်ရောက်မှုမရှိဘဲ မိခင်ကုမ္ပဏီ Meta ပိုင်ဆိုင်မှုအောက်မှာရှိနေမှာဖြစ်ပါတယ်။
 
ကုမ္ပဏီ၀န်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဖရန့်စ်ဟော်ဂျင်ထံမှ ပေါက်ကြားလာတဲ့ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းတွေအပေါ် အခြေခံပြီး ဖေ့စ်ဘွတ်ခ်နဲ့ပတ်သက်လို့ မကောင်းသတင်းနဲ့ ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ကုမ္ပဏီအမည်ကို ယခုကဲ့သို့ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
 
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ သုံးစွဲသူတွေရဲ့ လုံခြုံရေးထက် ငွေကြေးအကျိုးအမြတ်ကိုသာ ဦးစားပေးနေကြောင်း သူမက စွပ်စွဲပြောဆိုထားပါတယ်။
 
Ref: BBC
#voiceofmyanmar #VOM #နယူးယောက

Related posts

Leave a Comment

VOM News

FREE
VIEW