ကြံစိုက်ပျိုးမှုသမိုင်းမှာ စံချိန်တင်အမြင့်ဆုံးဈေးအဖြစ် ကြံ(၁)တန်ကို ကျပ် ၆သောင်းကျော် တောင်သူတွေရရှိလာ

အောက်တိုဘာ ၂၆-၂၀၂၁ SM(VOM)   ပြည်တွင်းလက်ကျန်သကြားတွေ နည်းပါးလာသလို သကြားဈေးတွေ မြင့်တက်နေတာကြောင့် ကြံစိုက်ပျိုးမှုသမိုင်းတလျှောင် စံချိန်တင်အမြင့်ဆုံးဈေးအဖြစ် ကြံတစ်တန်ကို ကျပ် ၆၀၀၀၀ ကျော်အထိ တောင်သူတွေရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။   ပြည်တွင်း သကြားစက်တွေက ကြံဈေးနှုန်းသက်မှတ် ဝယ်ယူရာမှာ စက်တင်ဘာလအတွင်းက သကြားဈေးမြင့်တက်လာမှုနဲ့အတူ ဒေသအလိုက် ကြံတစ်တန်ကို ကျပ် ၅၀၀၀၀-၅၅၀၀၀ ဈေးကနေ အောက်တိုဘာလလယ်မှာ ကျပ် ၆၀၀၀၀အထိ တိုးမြင့်ပေးကာ ဝယ်ယူမှာဖြစ်တယ်လို့ ဂရိတ်ဝေါလ်-ဝေမာသကြားစက်နဲ့ ငွေရည်ပုလဲသကြားစက်ရုံတွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။   ပြည်တွင်းသကြားဈေးပေါ်မူတည်ပြီး အမြင့်ဆုံး ကြံတစ်တန်ကို ကျပ် ၆၄၀၀၀ အထိ ပေးဝယ်မည်ဖြစ်ကြောင်း မောင်းကုန်းဒေသ ကနေ ဂရိတ်ဝေါလ်-ဝေမာ သကြားစက်ရုံက ထုတ်ပြန်ထားရာ သကြားတစ်ပိဿာ ကျပ် ၁၆၀၀ ကို အခြေခံပြီး ကြံတစ်တန်ကျပ် ၆၀၀၀၀ နဲ့ သကြားဈေး တစ်ပိဿာ…

Read More

မင်္ဂလာဒုံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊အောက်တိုဘာ ၂၆-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဒီကနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ကုန်းတလဘောင်ကျေးရွာ၊ စိန်ပဒေသာပတ်လမ်း၊ အောင်ကောင်းစံကားဝပ်ရှော့ရှေ့မှာ ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီကနေ့မနက် ၆နာရီက အမည်မသိသူတွေက ပစ်ခတ်သွားတာဖြစ်တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။   ကုန်းတလဘောင်ကျေးရွာနေသူတဦးက”သူ့သမီးကို စက်ရုံလိုက်ပို့ပြီးအပြန်မှာ သေနတ်နဲ့အပစ်ခံရတာ၊ အဲ့ဒီနေရာမှာပဲ သေသွားတာ”လို့ ပြောပါတယ်။   သေဆုံးသူဟာ ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ဖြစ်ပြီး လက်တလော ကုန်းတလဘောင်ကျေးရွာမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။   အလားတူ ဒီကနေ့မနက် ၉နာရီခွဲကလည်း ပုဇွန်တောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ရေကျော်စျေးထိပ်မှာ စျေးသည်အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ စျေးရောင်းချသူတဦးကပြောပါတယ်။   သေနတ်နဲ့ပစ်ခံရသူဟာ ရေကျော်စျေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ မမျိုးမျိုးဆင့်ဖြစ်ပြီး လည်ပင်းနဲ့လက်မောင်းမှာ ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရတယ်လို့ သူကပြောပါတယ်။   ဒါ့အပြင်…

Read More

နေပြည်တော်မှာ ပထမဆုံးအကြိမ် ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

နေပြည်တော်၊ အောက်တိုဘာ ၂၆-၂၀၂၁ KT(VOM)   နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာအနီးမှာ ကျေးရွာရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတဲ့ဖြစ်စဉ် ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။   သေဆုံးသွားသူဟာ ဇီးကုန်းကျေးရွာရာအိမ်မှူး ဦးဌေးဒအောင်ဆိုသူဖြစ်ပြီး ကျည်တောင်ကန်ကျေးရွာဘက်ကနေ ဇီးကုန်းဘက်ကို ဆိုင်ကယ်နဲ့ပြန်လာချိန်​ သေနတ်နဲ့ ၄ချက်ခန့် ပစ်ခတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။   သေနတ်နဲ့ပစ်ခံရတာကြောင့် ဝဲဘက်ရင်အုံ ၁ ချက်၊ ဝမ်းဗိုက်ယာဘက်ခြမ်း ၂ ချက်၊ ဝမ်းဗိုက်ဝဲဘက်ခြမ်း ၁ ချက် ထိမှန်ခဲ့ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။   နေပြည်တော်မှာ အခုလို ပစ်ခတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ ပေါက်ကွဲမှုတွေ နေရာအချို့မှာဖြစ်ပေါ်တာလည်း ရှိခဲ့ပါတယ်။   #voiceofmyanmar #VOM #နေပြည်တော် #ရာအိမ်မှူး #ပစ်သတ်ခံရ

Read More

မြန်မာမပါတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ ယနေ့စတင်ကျင်းပ

ဘန်ကောက် ၊ အောက်တိုဘာ-၂၆-၂၀၂၁ မျိုးဆက်(VOM)   အာဆီယံအဖွဲ့ရဲ့ နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက ကိုယ်စားလှယ်မပါ၀င်ဘဲ ယနေ့မှာ စတင်လိုက်ပြီဖြစ်ပါတယ်။   အွန်လိုင်းကနေ ကျင်းပမယ့် သုံးရက်ကြာထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ ခေါင်းဆောင်တွေအပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်၊ ရုရှားကခေါင်းဆောင်တွေပါ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။   မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုကာ နစကကောင်စီဥက္ကဌကို ဒီအစည်းအဝေးကနေ အာဆီယံအဖွဲ့က ဖယ်ထုတ်ခဲ့တာဖြစ်ပါတယ်။   ဒီဆုံးဖြတ်ချက်ဟာ ၀င်မစွက်ရေးမူဝါဒကို ကာလကြာရှည်ကိုင်စွဲကျင့်သုံးလာတဲ့ အာဆီယံအဖွဲ့ရဲ့ မကြုံစဖူး ဆုံးဖြတ်ချက်တစ်ရပ်လည်းဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေကို လျော့ပါးစေဖို့အတွက် အာဆီယံရဲ့အားထုတ်မှုတစိတ်တပိုင်းအဖြစ် ခန့်အပ်ထားတဲ့အထူးသံတမန်နဲ့ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို စင်ကာပူ၀န်ကြီးချုပ်က ဒီနေ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။   Ref:Aljazeera Photo: Reuters #voiceofmyanmar #VOM #ဘန်ကောက်

Read More

ဆူဒန်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်က ပစ်သတ်

ခါတွမ်၊ အောက်တိုဘာ-၂၆-၂၀၂၁ မျိုးဆက်(VOM)   ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူအုပ်ကို စစ်သားတွေက ပစ်ခတ်မှုကြောင့် လူငါးဦးထက်မနည်းသေဆုံးသွားပြီး ၈၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။   ဆူဒန်စစ်တပ်က အရပ်သားအုပ်ချုပ်ရေးကိုဖျက်သိမ်းကာ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အောက်တိုဘာ ၂၅ ရက်မှာ နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပြီးနောက် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။   ဆူဒန်စစ်တပ်ဟာ မြို့တော်ခါတွမ်မှာ ဆန္ဒပြခေါင်းဆောင်တွေကို တစ်အိမ်တက်ဆင်းရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းတွေကဖော်ပြထားပါတယ်။   အာဏာသိမ်းမှုကို ကမ္ဘာတစ်၀န်းက ပြစ်တင်ရှုတ်ချနေကြပြီး အမေရိကန်ကလည်း ဒေါ်လာသန်း ၇၀၀ ကူညီမှုကို ရပ်ဆိုင်းလိုက်ပါတယ်။   စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတွေကို ဆူဒန်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖက်တာဘာဟန်က ပြစ်တင်ပြောဆိုလိုက်ပါတယ်။   ဆူဒန်ကို ကာလကြာရှည်အုပ်ချုပ်ခဲ့သူ သမ္မတအိုမာအယ်လ်ဘာရှာကို လွန်ခဲ့တဲ့နှစ်နှစ်က ဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ဖွဲ့စည်းခဲ့ရာမှာ စစ်တပ်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေခဲ့ပါတယ်။   Ref: BBC…

Read More

မုံရွာ စက်မှုဇုန်ထဲမှာ ရဲအရာရှိ ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေနတ် ၂ လက် ပျောက်ဆုံးနေ

အောက်တိုဘာ ၊ ၂၆ -၂၀၂၁ VOM   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်၊ သမစိတ္တလမ်းနဲ့ စွယ်တော်လမ်းဆုံအနီးမှာ ဒီကနေ့ မနက် အစောပိုင်းက ရဲအရာရှိ ၂ ယောက် သေနတ်နဲ့ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်ထားတဲ့ သေနတ် ၂ လက် ပျောက်ဆုံးခဲ့တယ်လို့ စက်မှုဇုန်ရပ်ကွက်မှာနေတဲ့ ဒေသခံတွေက ပြောပါတယ်။   မုံရွာနယ်မြေရဲစခန်း ( စက်မှုဇုန် စခန်း)နဲ့ နီးစပ်သူတယောက်က ” စက်မှုဇုန်ထဲမှာ ပစ်သတ်ခံရလို့သေတာက မြဝတီရဲကင်းမှာ တာဝန်ကျနေတဲ့ စက်မှုဇုန် ရဲစခန်းက ဗိုလ်လေး (ဒုရဲအုပ်) ဝင်းကျော်မျိုး နဲ့ ရဲတပ်ရင်း ၃၅ က ဒုရဲအုပ် ဗိုလ်လေး မျိုးမင်းသန့် တို့ ၂ ယောက်ဖြစ်တယ် ၊ သူတို့ ကိုင်ဆောင်တဲ့ ခြောက်လုံးပြူး သေနတ် ၂…

Read More

တရုတ်ဘက်က ကျူးကျော်ထားတဲ့ နယ်ခြားစည်းရိုးကို မြန်မာဘက်ကဒေသခံတွေ ပြန်ဖျက်ပစ်

အောက်တိုဘာ ၂၆-၂၀၂၁ Shy V(VOM)   မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်၊ မူဆယ်မြို့နယ်၊ ပန်ခမ်းရွာဘက်မှာ တရုတ်ဘက်ကနေက်ု မြန်မာဘက် နယ်နိမိတ် ကျူးကျော်ထားတဲ့ နယ်ခြားစည်းရိုးကို မနေ့အောက်တိုဘာ ၂၅ ရက်နေ့က ဒေသခံတွေ ပြန်ဖျက်ပစ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “ဒီနေ့ကတော့ ပန်ခမ်းကျေးရွာ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုး မြန်မာပြည်ထဲမှာ ဝင်လာတာ။ နယ်နိမိတ်ကျူးကျော်တာ၊ ကျွန်တော်တို့ ရွာသူရွာသားတွေ ပြန်လာဖျက်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။   မူဆယ်၊ နမ့်ခမ်း တဘက်ကမ်းက ရွာပေါင်း ၁၉ ရွာက အခုလို တရုတ်ဘက်က နယ်နိမိတ်ကျူးကျော်ကာ စည်းရိုးကာရံတာတွေကို လက်မခံတဲ့အပြင် မကြာခဏ ပြန်ဖျက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။   “ငါတို့မြေမှာ တရုတ်တွေ ခြံစည်းရိုးလာဆောက်တာ။ ငါတို့နယ်မြေမှာ ဘယ်သူ့မှ ဆောက်ခွင့်မပေးဘူး။ ငါတို့ မြေ ငါတို့ ကာကွယ်သွားမယ်”လို့…

Read More

ရန်ကုန်မြို့က ကျောတခင်းစာပြဿနာ

အေးချမ်းသူ(VOM) “မိုးမရွာခင် မြန်မြန်ဖျက်ဟေ့ မိုးရွာရင် မိုးခိုစရာမရှိဘဲ နေမယ်”လို့ အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့ ဦးဖိုးလေးရဲ့ စကားသံကြောင့် ဖျက်ထားတဲ့ ကျူးတဲက ပစွည်းတွေကို မိသားစုဝင်တွေ အမြန်သိမ်းနေကြပါတယ်။ နေလောင်ဒဏ်နဲ့အတူ အဆီပြန်နေတဲ့မျက်နှာ၊ အုန်းဆီမထည့်ထားလို့ ဌက်သိုက်အလား ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ အသားမာတက်နေတဲ့လက်ဖဝါးတွေ သူဖြတ်သန်ခဲ့တဲ့ ဘဝ ဘယ်လောက်ကြမ်းတမ်းတယ်ဆိုတာ သိနိူင်ပါတယ်။ ဆယ်ပေပတ်လည်အိမ်လေးကို အောက်ခြေမှာ ဝါးယားပိုင်းတွေ၊ သစ်တိုသစ်စတွေနဲ့ အိမ်တိုင်လုပ်ထား ကြမ်းပြင်ကိုဝါးခင်း၊ ဘေးဘက်မှာ တာပေါ်လင်အစတွေနဲ့ကာထားပြီး အမိုးကိုတော့ ဓနီတွေနဲ့ မိုးထားပါတယ်။ “ဖျက်ရမယ်ဆိုတော့လည်း မတက်နိူင်ဘူးလေ ကိုယ့်အိမ်မှ မဟုတ်တာ၊ ကျနော်တို့က တကယ်မရှိလို့ နေတာပါ၊ ရောင်းစားတဲ့သူလည်း မဟုတ်ဘူး ကျူးပြီးလည်း ပြန်မရောင်းဘူး၊ အခုဖျက်ရမယ်ဆိုတော့ အိမ်ငှားနေရတော့မှာပေါ့”လို့ ပြောပါတယ်။ ဦးဖိုးလေးတို့မိသားစုဟာ ဒလမြို့နယ်၊ ခနောင်ဘက်ကနေ ယခုနေထိုင်ရာ ကျူးကျော်နေရာကို ပြောင်းရွှေ့လာခဲ့သည်မှာ ၅နှစ်နီးပါးရှိပြီလို့ သိရပါတယ်။…

Read More

ရက်ပေါင်း ၂၀ ကျော်အတွင်း ရွှေဘိုခရိုင်နဲ့ ကသာခရိုင်ထဲက ရဲစခန်း ၇ ခု မီးလောင်

အောက်တိုဘာ ၊ ၂၅ ၊ ၂၀၂၁ VOM   စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်နဲ့ ကသာခရိုင်ထဲက နယ်မြေရဲကင်းစခန်းတွေဟာ အခုလ ၃ ရက်ညကစလို့ ၂၄ ရက်ညအထိ ရက်ပေါင်း ၂၀ ကျော်အတွင်း မီးလောင်ခဲ့တာ ၇ စခန်းရှိသွားပြီလို့ ရဲစခန်း မီးလောင်မှုဖြစ်ပွားရာ ဒေသတွေက နယ်ခံလူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   မနေ့ အောက်တိုဘာ ၂၄ ရက်ည ၁၁ နာရီ ဝန်းကျင်က ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ၊ ညောင်လှကျေးရွာမှာရှိတဲ့ ညောင်လှ နယ်မြေရဲကင်းစခန်း ၁ ခု မီးလောင်ခဲ့တယ်လို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။   ” ညက ၁၀ နာရီကျော် ၁၁ နာရီဝန်းကျင်လောက် လောင်တာပါ ၊ မီးကတော့များတယ် ၊ ညမထွက်ရ အမိန့်ရှိတာကြောင့်…

Read More

ဆူဒန်မှာ အရပ်ဘက်ခေါင်းဆောင်တွေကို စစ်တပ်ကဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပုံရ

ခါတွမ်၊ အောက်တိုဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM)   ဆူဒန်အရပ်သားအစိုးရရဲ့ အဖွဲ့၀င်တွေနဲ့ အခြားအရပ်ဘက်ခေါင်းဆောင်တွေဟာ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး အာဏာသိမ်းမှုဖြစ်ပွားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။   ၀န်ကြီးချုပ် အဗ္ဗဒူလာဟမ်ဒေါ့ဟာလည်း အမည်မသိစစ်သာတွေက ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျနေတယ်လို့ သတင်းတွေကဆိုပါတယ်။   ဒီမိုကရေစီလိုလားသူတွေကတော့ မြို့တော်ခါတွမ်ရဲ့ လမ်းတွေပေါ်မှ ဆန္ဒပြနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်က ကာလရှည်ကြာအုပ်ချုပ်ခဲ့သူ သမ္မတဘာရှားကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းပြီးနောက် အရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။   အရပ်ဘက်ခေါင်းဆောင်တွေ အရုဏ်မတက်မီမှာ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဘယ်သူကကြိုးကိုင်လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဆူဒန်စစ်တပ်တာ၀န်ရှိသူတွေက လက်ရှိချိန်ထိ ပြောဆိုတာမျိုးမရှိသေးပါဘူး။   ဒီဖမ်းဆီးမှုကို တပ်မတော်ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးထားတဲ့သူတွေကို အမည်မသိနေရာကို ပို့ဆောင်ထားတယ်လို့ ဆူဒန်ပြန်ကြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   Ref: BBC Photo: AFP   #voiceofmyanmar #VOM #ဆူဒန်အာဏာသိမ်း

Read More
VOM News

FREE
VIEW