ရက်ပေါင်း ၂၀ ကျော်အတွင်း ရွှေဘိုခရိုင်နဲ့ ကသာခရိုင်ထဲက ရဲစခန်း ၇ ခု မီးလောင်

အောက်တိုဘာ ၊ ၂၅ ၊ ၂၀၂၁
VOM
 
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်နဲ့ ကသာခရိုင်ထဲက နယ်မြေရဲကင်းစခန်းတွေဟာ အခုလ ၃ ရက်ညကစလို့ ၂၄ ရက်ညအထိ ရက်ပေါင်း ၂၀ ကျော်အတွင်း မီးလောင်ခဲ့တာ ၇ စခန်းရှိသွားပြီလို့ ရဲစခန်း မီးလောင်မှုဖြစ်ပွားရာ ဒေသတွေက နယ်ခံလူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
မနေ့ အောက်တိုဘာ ၂၄ ရက်ည ၁၁ နာရီ ဝန်းကျင်က ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ၊ ညောင်လှကျေးရွာမှာရှိတဲ့ ညောင်လှ နယ်မြေရဲကင်းစခန်း ၁ ခု မီးလောင်ခဲ့တယ်လို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။
 
” ညက ၁၀ နာရီကျော် ၁၁ နာရီဝန်းကျင်လောက် လောင်တာပါ ၊ မီးကတော့များတယ် ၊ ညမထွက်ရ အမိန့်ရှိတာကြောင့် ကြောက်လို့ သွားမကြည့်ရဲတော့ ဘာတွေလောင်သွားသလဲဆိုတာ မသိရသေးဘူး ” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၀ ရက်နေ့ည ၁၀ နာရီဝန်းကျင် အချိန်ကလည်း ဒီပဲယင်းမြို့နယ် သစ်ရာအိုက်ကျေးရွာ ၊ သစ်ရာအိုက်နယ်မြေရဲကင်းစခန်း ၁ ခု အခုလို မီးလောင်ပျက်စီးခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် အခုလ ၁၈ ရက် မနက်အစောပိုင်း ၁ နာရီ အချိန်လောက်မှာ ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာက နဘက်ကြီး နယ်မြေရဲကင်းစခန်း မီးလောင်ခဲ့ပါတယ်။
 
အဲ့ဒီနောက် အခုလ ၂၀ ရက် မနက်အစောပိုင်း ၂ နာရီလောက်မှာ ကောလင်းခရိုင် ပင်လည်ဘူးမြို့ ၊ ပင်လည်ဘူးမြို့မရဲစခန်းဝန်းထဲက အသစ်ဆောက်လုပ်ထားတဲ့ အဆော
က် အဦး ၁ ခု မီးလောင်းခဲ့ပြီး အဲ့ဒီ မီးကိုငြိမ်းသတ်ခဲ့တဲ့ ရဲအရာရှိ ဒုရဲအုပ် ၁ ယောက် မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့အတွက် ပင်လည်ဘူး ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။
 
အဲ့ဒိအပြင် အခုလ ၁၅ ရက်ည ၉ နာရီဝန်းကျင်မှာ ဧရာဝတီမြစ်နဲ့ ရွှေလီမြစ် ဆုံတဲ့နေရာ ကသာမြို့နယ် အင်းကျေးရွာက အင်းရွာနယ်မြေရဲစခန်း မီးလောင်ခဲ့တာကြောင့် ရဲစခန်း အဆောက်အဦးအားလုံး ပျက်စီးခဲ့ပါသေးတယ်။
 
အခုလ ၃ ရက်ညက ကသာခရိုင် ထီးချိုင့်မြို့နယ် ၊ အလယ်တောကျေးရွာက အလယ်တော နယ်မြေရဲကင်းစခန်းနဲ့ ၄ ရက်ညမှာ ကမ်းနီရွာ ကမ်းနီ နယ်မြေလှုပ်ရှား ရဲကင်းစခန်း ၂ ခုဟာ ၂ ညဆက်တိုက် မီးလောင်ခဲ့ပါတယ်။
 
အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲမှာ အခုလ ရက်ပေါင်း ၂၀ ကျော်အတွင်း ရဲစခန်း ၇ ခု မီးလောင်ပျက်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ရဲစခန်းတွေမီးလောင်
 
ပုံစာ ၊ မနေ့ညက ညောင်လှ ရဲကင်းစခန်း မီးလောင်နေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW