ရန်ကုန်မြို့က ကျောတခင်းစာပြဿနာ

အေးချမ်းသူ(VOM) “မိုးမရွာခင် မြန်မြန်ဖျက်ဟေ့ မိုးရွာရင် မိုးခိုစရာမရှိဘဲ နေမယ်”လို့ အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့ ဦးဖိုးလေးရဲ့ စကားသံကြောင့် ဖျက်ထားတဲ့ ကျူးတဲက ပစွည်းတွေကို မိသားစုဝင်တွေ အမြန်သိမ်းနေကြပါတယ်။ နေလောင်ဒဏ်နဲ့အတူ အဆီပြန်နေတဲ့မျက်နှာ၊ အုန်းဆီမထည့်ထားလို့ ဌက်သိုက်အလား ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ အသားမာတက်နေတဲ့လက်ဖဝါးတွေ သူဖြတ်သန်ခဲ့တဲ့ ဘဝ ဘယ်လောက်ကြမ်းတမ်းတယ်ဆိုတာ သိနိူင်ပါတယ်။ ဆယ်ပေပတ်လည်အိမ်လေးကို အောက်ခြေမှာ ဝါးယားပိုင်းတွေ၊ သစ်တိုသစ်စတွေနဲ့ အိမ်တိုင်လုပ်ထား ကြမ်းပြင်ကိုဝါးခင်း၊ ဘေးဘက်မှာ တာပေါ်လင်အစတွေနဲ့ကာထားပြီး အမိုးကိုတော့ ဓနီတွေနဲ့ မိုးထားပါတယ်။ “ဖျက်ရမယ်ဆိုတော့လည်း မတက်နိူင်ဘူးလေ ကိုယ့်အိမ်မှ မဟုတ်တာ၊ ကျနော်တို့က တကယ်မရှိလို့ နေတာပါ၊ ရောင်းစားတဲ့သူလည်း မဟုတ်ဘူး ကျူးပြီးလည်း ပြန်မရောင်းဘူး၊ အခုဖျက်ရမယ်ဆိုတော့ အိမ်ငှားနေရတော့မှာပေါ့”လို့ ပြောပါတယ်။ ဦးဖိုးလေးတို့မိသားစုဟာ ဒလမြို့နယ်၊ ခနောင်ဘက်ကနေ ယခုနေထိုင်ရာ ကျူးကျော်နေရာကို ပြောင်းရွှေ့လာခဲ့သည်မှာ ၅နှစ်နီးပါးရှိပြီလို့ သိရပါတယ်။…

Read More

ရက်ပေါင်း ၂၀ ကျော်အတွင်း ရွှေဘိုခရိုင်နဲ့ ကသာခရိုင်ထဲက ရဲစခန်း ၇ ခု မီးလောင်

အောက်တိုဘာ ၊ ၂၅ ၊ ၂၀၂၁ VOM   စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်နဲ့ ကသာခရိုင်ထဲက နယ်မြေရဲကင်းစခန်းတွေဟာ အခုလ ၃ ရက်ညကစလို့ ၂၄ ရက်ညအထိ ရက်ပေါင်း ၂၀ ကျော်အတွင်း မီးလောင်ခဲ့တာ ၇ စခန်းရှိသွားပြီလို့ ရဲစခန်း မီးလောင်မှုဖြစ်ပွားရာ ဒေသတွေက နယ်ခံလူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   မနေ့ အောက်တိုဘာ ၂၄ ရက်ည ၁၁ နာရီ ဝန်းကျင်က ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ၊ ညောင်လှကျေးရွာမှာရှိတဲ့ ညောင်လှ နယ်မြေရဲကင်းစခန်း ၁ ခု မီးလောင်ခဲ့တယ်လို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။   ” ညက ၁၀ နာရီကျော် ၁၁ နာရီဝန်းကျင်လောက် လောင်တာပါ ၊ မီးကတော့များတယ် ၊ ညမထွက်ရ အမိန့်ရှိတာကြောင့်…

Read More

ဆူဒန်မှာ အရပ်ဘက်ခေါင်းဆောင်တွေကို စစ်တပ်ကဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပုံရ

ခါတွမ်၊ အောက်တိုဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM)   ဆူဒန်အရပ်သားအစိုးရရဲ့ အဖွဲ့၀င်တွေနဲ့ အခြားအရပ်ဘက်ခေါင်းဆောင်တွေဟာ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး အာဏာသိမ်းမှုဖြစ်ပွားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။   ၀န်ကြီးချုပ် အဗ္ဗဒူလာဟမ်ဒေါ့ဟာလည်း အမည်မသိစစ်သာတွေက ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျနေတယ်လို့ သတင်းတွေကဆိုပါတယ်။   ဒီမိုကရေစီလိုလားသူတွေကတော့ မြို့တော်ခါတွမ်ရဲ့ လမ်းတွေပေါ်မှ ဆန္ဒပြနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်က ကာလရှည်ကြာအုပ်ချုပ်ခဲ့သူ သမ္မတဘာရှားကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းပြီးနောက် အရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။   အရပ်ဘက်ခေါင်းဆောင်တွေ အရုဏ်မတက်မီမှာ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဘယ်သူကကြိုးကိုင်လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဆူဒန်စစ်တပ်တာ၀န်ရှိသူတွေက လက်ရှိချိန်ထိ ပြောဆိုတာမျိုးမရှိသေးပါဘူး။   ဒီဖမ်းဆီးမှုကို တပ်မတော်ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးထားတဲ့သူတွေကို အမည်မသိနေရာကို ပို့ဆောင်ထားတယ်လို့ ဆူဒန်ပြန်ကြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   Ref: BBC Photo: AFP   #voiceofmyanmar #VOM #ဆူဒန်အာဏာသိမ်း

Read More

နိုင်ဂျီးရီးယားမှာ ထောင်ဖောက်မှုဖြစ်ပြီး အကျဉ်းသား ၈၀၀ ကျော်လွတ်မြောက်

အဘူဂျာ၊ အောက်တိုဘာ-၂၅-၂၀၂၁ မျိုးဆက် (VOM)   နိုင်ဂျီးရီးယားနိုင်ငံရှိ အကျဉ်းထောင်တစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ၀င်ရောက်စီးနှင်းမှုဖြစ်ပွားပြီးနောက် အကျဉ်းသား ၈၀၀ ကျော်လွတ်မြောက်သွားတယ်လို့ တာ၀န်ရှိသူတွေက အောက်တိုဘာ ၂၄ ရက်မှာပြောပါတယ်။   ဒီတိုက်ခိုက်မှုဟာ နိုင်ငံအနောက်တောင်ပိုင်းရှိ အိုယိုပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့နဲ့ ထောင်တာ၀န်ရှိသူတွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။   လက်နက်ကိုင်တွေဟာ ထောင်နံရံကို ဒိုင်းနမိုက်နဲ့ဖောက်ခွဲပြီး အထဲကို၀င်ရောက်ခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။နံရံနှင့်ပြတင်းပေါက်များကျိုးပဲ့နေပြီး အပျက်အစီးတွေပြန့်ကြဲနေကြောင်း ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။   လွတ်မြောက်သွားတဲ့အကျဉ်းသား ၂၆၀ ဦးကိုပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ၅၇၀ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။   ဧပြီလနဲ့ စက်တင်ဘာလတို့မှာလည်း အခြားသောအကျဉ်းထောင်တွေမှာ အလားတူထောင်ဖောက်တာတွေဖြစ်ပွားခဲ့ကြောင်း နိုင်ဂျီးရီးယားသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဧပြီလဖြစ်စဉ်မှာတော့ အကျဉ်းသား ၁၈၀၀ ကျော် ယာယီလွတ်မြောက်ခဲ့ပါတယ်။   Ref: NHK Photo:Getty Images…

Read More

ထိုင်းကိုခိုး၀င်တဲ့ မြန်မာအလုပ်သမား ၁၂၀ ဦးဖမ်းဆီးခံရပြန်

ဘန်ကောက်၊ အောက်တိုဘာ-၂၅-၂၀၂၁ မျိုးဆက် (VOM)   ထိုင်းနိုင်ငံ ဆိုင်ရောက်ခရိုင်မှာ တရားမ၀င်နယ်စပ်ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာ ၁၂၀ ဦးကို အောက်တိုဘာ ၂၄ ရက်မှာ ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။   ထိုင်းရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာ၀န်ရှိသူတွေဟာ သတင်းအရ ဆီမောင်ကွန်ရှိ ကျေးရွာတရွာအနီးသစ်တောထဲမှာ ကင်းလှည့်ရာမှာ မြန်မာနိုင်ငံသား အမျိုးသား ၆၅ ဦးနဲ့ အမျိုးသမီး ၅၅ ဦးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။   လက်ရှိမှာတော့ သူတို့ကို ကိုဗစ်-၁၉ ကူးစက်မှုရှိမရှိ စစ်ဆေးမှုတွေလုပ်ဆောင်ပေးထားပြီး ထား၀ယ်၊ ရန်ကုန်၊ မော်လမြိုင်နဲ့ ပဲခူးမြို့နယ်တို့ကဖြစ်တယ်လို့ ဆိုပါတယ်။   သူတို့ဟာ ဘန်ကောက်၊ ဆာမွတ်ဆာခွန်၊ နာခွန်ပါသွန်တို့မှာ အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာပွဲစားကို ဘတ် ၁၇၀၀၀ ကနေ ၂၀၀၀၀ ထိပေးခဲ့ရတယ်လို့ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေက ပြောပါတယ်။   ဖမ်းမိသူတွေကို ဆိုင်ရောက်ရဲစခန်းကို…

Read More

မိတ္တီလာမှာ တပ်ထောက်ခံပွဲအပြီး ရပ်ထားတဲ့ရဲကား ဗုံးပေါက်လို့ ရဲ ၂ ဦးသေပြီး ဒဏ်ရာရသူတွေ ရှိခဲ့

အောက်တိုဘာ ၂၅ -၂၀၂၁ GH (VOM )   မိတ္တီလာမြို့မှာ ဒီကနေ့ အောက်တိုဘာ၂၅ရက် မနက်ပိုင်းကလုပ်ခဲ့တဲ့ တပ်ထောက်ခံပွဲအပြီး ရဲစခန်းရှေ့ ရပ်ထားတဲ့ ရဲကားဗုံးပေါက်လို့ ရဲ ၂ ယောက်သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။   ” သူတို့ထောက်ခံပွဲအပြီးမှာ အဲ့ဒီရဲကားက အမှတ် ၂ ရဲစခန်းရှေ့မှာရပ်ထားတာ။ ၁၁ နာရီကျော်လောက်မှာ ဗုံးပေါက်တာပဲ။ ရဲတယောက်ပလက်ဖောင်းပေါ် မှောက်နေတာ တွေ့ကြမှာပါ။ သိရတာ ပွဲချင်းပြီးတယောက်သေ တယ်။နောက် မိတ္တီလာ ရဲတပ်ရင်း ၃၅ ကထိတဲ့ ရဲ ၃ ယောက် ထဲက တယောက်ထပ်သေတယ်။နောက် စစ်သား ၁ ယောက်လည်းထိတယ်လို့ လောလောတယ်သိရတယ်။ အဲ့ဒီကားက တပ်ထောက်ခံပွဲကိုလုံခြုံရေးယူပေးတယ်လို့လည်းသိရတယ် ” လို့ မိတ္ထိလာမြို့ကပရဟိတ လုပ်ကိုင်သူတဦးကပြောပါတယ်။   ပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်တပ်ဘက်က သေနတ်နဲ့ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး…

Read More
VOM News

FREE
VIEW