နိုင်ဂျီးရီးယားမှာ ထောင်ဖောက်မှုဖြစ်ပြီး အကျဉ်းသား ၈၀၀ ကျော်လွတ်မြောက်

အဘူဂျာ၊ အောက်တိုဘာ-၂၅-၂၀၂၁
မျိုးဆက် (VOM)
 
နိုင်ဂျီးရီးယားနိုင်ငံရှိ အကျဉ်းထောင်တစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ၀င်ရောက်စီးနှင်းမှုဖြစ်ပွားပြီးနောက် အကျဉ်းသား ၈၀၀ ကျော်လွတ်မြောက်သွားတယ်လို့ တာ၀န်ရှိသူတွေက အောက်တိုဘာ ၂၄ ရက်မှာပြောပါတယ်။
 
ဒီတိုက်ခိုက်မှုဟာ နိုင်ငံအနောက်တောင်ပိုင်းရှိ အိုယိုပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့နဲ့ ထောင်တာ၀န်ရှိသူတွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
 
လက်နက်ကိုင်တွေဟာ ထောင်နံရံကို ဒိုင်းနမိုက်နဲ့ဖောက်ခွဲပြီး အထဲကို၀င်ရောက်ခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။နံရံနှင့်ပြတင်းပေါက်များကျိုးပဲ့နေပြီး အပျက်အစီးတွေပြန့်ကြဲနေကြောင်း ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
 
လွတ်မြောက်သွားတဲ့အကျဉ်းသား ၂၆၀ ဦးကိုပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ၅၇၀ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။
 
ဧပြီလနဲ့ စက်တင်ဘာလတို့မှာလည်း အခြားသောအကျဉ်းထောင်တွေမှာ အလားတူထောင်ဖောက်တာတွေဖြစ်ပွားခဲ့ကြောင်း နိုင်ဂျီးရီးယားသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဧပြီလဖြစ်စဉ်မှာတော့ အကျဉ်းသား ၁၈၀၀ ကျော် ယာယီလွတ်မြောက်ခဲ့ပါတယ်။
 
Ref: NHK
Photo:Getty Images
 
#voiceofmyanmar #VOM #နိုင်ဂျီးရီးယား #အကျဉ်းထောင်ဖေါက်

Related posts

Leave a Comment

VOM News

FREE
VIEW