မိတ္တီလာမှာ တပ်ထောက်ခံပွဲအပြီး ရပ်ထားတဲ့ရဲကား ဗုံးပေါက်လို့ ရဲ ၂ ဦးသေပြီး ဒဏ်ရာရသူတွေ ရှိခဲ့

အောက်တိုဘာ ၂၅ -၂၀၂၁
GH (VOM )
 
မိတ္တီလာမြို့မှာ ဒီကနေ့ အောက်တိုဘာ၂၅ရက် မနက်ပိုင်းကလုပ်ခဲ့တဲ့ တပ်ထောက်ခံပွဲအပြီး ရဲစခန်းရှေ့ ရပ်ထားတဲ့ ရဲကားဗုံးပေါက်လို့ ရဲ ၂ ယောက်သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
 
” သူတို့ထောက်ခံပွဲအပြီးမှာ အဲ့ဒီရဲကားက အမှတ် ၂ ရဲစခန်းရှေ့မှာရပ်ထားတာ။ ၁၁ နာရီကျော်လောက်မှာ ဗုံးပေါက်တာပဲ။ ရဲတယောက်ပလက်ဖောင်းပေါ် မှောက်နေတာ တွေ့ကြမှာပါ။ သိရတာ ပွဲချင်းပြီးတယောက်သေ တယ်။နောက် မိတ္တီလာ ရဲတပ်ရင်း ၃၅ ကထိတဲ့ ရဲ ၃ ယောက် ထဲက တယောက်ထပ်သေတယ်။နောက် စစ်သား ၁ ယောက်လည်းထိတယ်လို့ လောလောတယ်သိရတယ်။ အဲ့ဒီကားက တပ်ထောက်ခံပွဲကိုလုံခြုံရေးယူပေးတယ်လို့လည်းသိရတယ် ” လို့ မိတ္ထိလာမြို့ကပရဟိတ လုပ်ကိုင်သူတဦးကပြောပါတယ်။
 
ပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်တပ်ဘက်က သေနတ်နဲ့ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး ၊ မိတ္တီလာမြို့တွင်း မှာလည်း ပိတ်ဆို့စစ်ဆေးမှုကိုတွေပြုလုပ်ခဲ့ကြောင်း၊ ခုထိလည်း စစ်ဆေးမှုတင်းကြပ်နေဆဲဖြစ်တယ်လို့ ဒေသခံဆီကသိရပါတယ်။
 
” ခုထိကိုအစစ်ဆေးကြမ်းနေတုန်းပဲ။ သေတာက ပထမတယောက်၊နောက်တယောက်ထပ်သေတယ်ကြားတယ်။တော်တော်ကြာမှ ကားတွေနဲ့လာသယ်သွားကြတာ။ ” လို့ မိတ္တိလာမြို့ခံတဦးကပြောပါတယ်။
 
ဒီနေ့အောက်တိုဘာလ ၂၅ ရက်နေ့မှာ
တပ်မတော်ထောက်ခံပွဲတွေကို မိတ္တီလာမြို့အပြင် နေပြည်တော်၊မန္တလေး ၊ ပြင်ဦးလွင်၊ မတ္တရာ၊ မြစ်ကြီးနား၊ မော်လမြိုင် ၊စလင်း၊ ကံမ ၊အောင်လံမြို့ ၊ ခန္တီးမြို့ တွေမှာ တပြိုင်တည်း ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #တပ်ထောက်ခံပွဲ #မိတ္ထိလာ

Related posts

Leave a Comment

VOM News

FREE
VIEW