ဆူဒန်မှာ အရပ်ဘက်ခေါင်းဆောင်တွေကို စစ်တပ်ကဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပုံရ

ခါတွမ်၊ အောက်တိုဘာ-၂၅-၂၀၂၁
မျိုးဆက်(VOM)
 
ဆူဒန်အရပ်သားအစိုးရရဲ့ အဖွဲ့၀င်တွေနဲ့ အခြားအရပ်ဘက်ခေါင်းဆောင်တွေဟာ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး အာဏာသိမ်းမှုဖြစ်ပွားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
 
၀န်ကြီးချုပ် အဗ္ဗဒူလာဟမ်ဒေါ့ဟာလည်း အမည်မသိစစ်သာတွေက ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျနေတယ်လို့ သတင်းတွေကဆိုပါတယ်။
 
ဒီမိုကရေစီလိုလားသူတွေကတော့ မြို့တော်ခါတွမ်ရဲ့ လမ်းတွေပေါ်မှ ဆန္ဒပြနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်က ကာလရှည်ကြာအုပ်ချုပ်ခဲ့သူ သမ္မတဘာရှားကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းပြီးနောက် အရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။
 
အရပ်ဘက်ခေါင်းဆောင်တွေ အရုဏ်မတက်မီမှာ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဘယ်သူကကြိုးကိုင်လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဆူဒန်စစ်တပ်တာ၀န်ရှိသူတွေက လက်ရှိချိန်ထိ ပြောဆိုတာမျိုးမရှိသေးပါဘူး။
 
ဒီဖမ်းဆီးမှုကို တပ်မတော်ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးထားတဲ့သူတွေကို အမည်မသိနေရာကို ပို့ဆောင်ထားတယ်လို့ ဆူဒန်ပြန်ကြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
Ref: BBC
Photo: AFP
 
#voiceofmyanmar #VOM #ဆူဒန်အာဏာသိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW