မင်္ဂလာဒုံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊အောက်တိုဘာ ၂၆-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဒီကနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ကုန်းတလဘောင်ကျေးရွာ၊ စိန်ပဒေသာပတ်လမ်း၊ အောင်ကောင်းစံကားဝပ်ရှော့ရှေ့မှာ ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီကနေ့မနက် ၆နာရီက အမည်မသိသူတွေက ပစ်ခတ်သွားတာဖြစ်တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။
 
ကုန်းတလဘောင်ကျေးရွာနေသူတဦးက”သူ့သမီးကို စက်ရုံလိုက်ပို့ပြီးအပြန်မှာ သေနတ်နဲ့အပစ်ခံရတာ၊ အဲ့ဒီနေရာမှာပဲ သေသွားတာ”လို့ ပြောပါတယ်။
 
သေဆုံးသူဟာ ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ဖြစ်ပြီး လက်တလော ကုန်းတလဘောင်ကျေးရွာမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။
 
အလားတူ ဒီကနေ့မနက် ၉နာရီခွဲကလည်း ပုဇွန်တောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ရေကျော်စျေးထိပ်မှာ စျေးသည်အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ စျေးရောင်းချသူတဦးကပြောပါတယ်။
 
သေနတ်နဲ့ပစ်ခံရသူဟာ ရေကျော်စျေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ မမျိုးမျိုးဆင့်ဖြစ်ပြီး လည်ပင်းနဲ့လက်မောင်းမှာ ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရတယ်လို့ သူကပြောပါတယ်။
 
ဒါ့အပြင် ဒီကနေ့မနက်ပိုင်း သုံးခွမြို့နယ်နဲ့သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး သုံးခွမြို့နယ်ဗုံးပေါက်ကွဲမှုမှာ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ရက်တွေကလည်း ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှုတွေနု့ ပစ်ခတ်မှုတွေဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW