နေပြည်တော်မှာ ပထမဆုံးအကြိမ် ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

နေပြည်တော်၊ အောက်တိုဘာ ၂၆-၂၀၂၁
KT(VOM)
 
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာအနီးမှာ ကျေးရွာရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတဲ့ဖြစ်စဉ် ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
သေဆုံးသွားသူဟာ ဇီးကုန်းကျေးရွာရာအိမ်မှူး ဦးဌေးဒအောင်ဆိုသူဖြစ်ပြီး ကျည်တောင်ကန်ကျေးရွာဘက်ကနေ ဇီးကုန်းဘက်ကို ဆိုင်ကယ်နဲ့ပြန်လာချိန်​ သေနတ်နဲ့ ၄ချက်ခန့် ပစ်ခတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
 
သေနတ်နဲ့ပစ်ခံရတာကြောင့် ဝဲဘက်ရင်အုံ ၁ ချက်၊ ဝမ်းဗိုက်ယာဘက်ခြမ်း ၂ ချက်၊ ဝမ်းဗိုက်ဝဲဘက်ခြမ်း ၁ ချက် ထိမှန်ခဲ့ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
နေပြည်တော်မှာ အခုလို ပစ်ခတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ ပေါက်ကွဲမှုတွေ နေရာအချို့မှာဖြစ်ပေါ်တာလည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော် #ရာအိမ်မှူး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW