ဆူဒန်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်က ပစ်သတ်

ခါတွမ်၊ အောက်တိုဘာ-၂၆-၂၀၂၁
မျိုးဆက်(VOM)
 
ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူအုပ်ကို စစ်သားတွေက ပစ်ခတ်မှုကြောင့် လူငါးဦးထက်မနည်းသေဆုံးသွားပြီး ၈၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
 
ဆူဒန်စစ်တပ်က အရပ်သားအုပ်ချုပ်ရေးကိုဖျက်သိမ်းကာ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အောက်တိုဘာ ၂၅ ရက်မှာ နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပြီးနောက် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
 
ဆူဒန်စစ်တပ်ဟာ မြို့တော်ခါတွမ်မှာ ဆန္ဒပြခေါင်းဆောင်တွေကို တစ်အိမ်တက်ဆင်းရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းတွေကဖော်ပြထားပါတယ်။
 
အာဏာသိမ်းမှုကို ကမ္ဘာတစ်၀န်းက ပြစ်တင်ရှုတ်ချနေကြပြီး အမေရိကန်ကလည်း ဒေါ်လာသန်း ၇၀၀ ကူညီမှုကို ရပ်ဆိုင်းလိုက်ပါတယ်။
 
စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတွေကို ဆူဒန်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖက်တာဘာဟန်က ပြစ်တင်ပြောဆိုလိုက်ပါတယ်။
 
ဆူဒန်ကို ကာလကြာရှည်အုပ်ချုပ်ခဲ့သူ သမ္မတအိုမာအယ်လ်ဘာရှာကို လွန်ခဲ့တဲ့နှစ်နှစ်က ဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ဖွဲ့စည်းခဲ့ရာမှာ စစ်တပ်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေခဲ့ပါတယ်။
 
Ref: BBC
Photo:AP
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW