မြန်မာမပါတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ ယနေ့စတင်ကျင်းပ

ဘန်ကောက် ၊ အောက်တိုဘာ-၂၆-၂၀၂၁
မျိုးဆက်(VOM)
 
အာဆီယံအဖွဲ့ရဲ့ နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက ကိုယ်စားလှယ်မပါ၀င်ဘဲ ယနေ့မှာ စတင်လိုက်ပြီဖြစ်ပါတယ်။
 
အွန်လိုင်းကနေ ကျင်းပမယ့် သုံးရက်ကြာထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ ခေါင်းဆောင်တွေအပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်၊ ရုရှားကခေါင်းဆောင်တွေပါ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
 
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုကာ နစကကောင်စီဥက္ကဌကို ဒီအစည်းအဝေးကနေ အာဆီယံအဖွဲ့က ဖယ်ထုတ်ခဲ့တာဖြစ်ပါတယ်။
 
ဒီဆုံးဖြတ်ချက်ဟာ ၀င်မစွက်ရေးမူဝါဒကို ကာလကြာရှည်ကိုင်စွဲကျင့်သုံးလာတဲ့ အာဆီယံအဖွဲ့ရဲ့ မကြုံစဖူး ဆုံးဖြတ်ချက်တစ်ရပ်လည်းဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေကို လျော့ပါးစေဖို့အတွက် အာဆီယံရဲ့အားထုတ်မှုတစိတ်တပိုင်းအဖြစ် ခန့်အပ်ထားတဲ့အထူးသံတမန်နဲ့ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို စင်ကာပူ၀န်ကြီးချုပ်က ဒီနေ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
 
Ref:Aljazeera
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW