တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရေငုပ်သင်္ဘောနဲ့ အမျိုးအမည်မသိအရာ ၀င်တိုက်ခဲ့

ဝါရှင်တန်၊ အောက်တိုဘာ-၈-၂၀၂၁
မျိုးဆက် (VOM)
 
အမေရိကန် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းဟာ တောင်တရုတ်ပင်လယ်၀န်းကျင်မှာ ခုတ်မောင်းသွားလာနေစဉ် အမျိုးအမည်မသိအရာ၀တ္ထုတခုနဲ့ တိုက်မိခဲ့တာကြောင့် သင်္ဘောအမှုထမ်း တဒါဇင်ကျော် ဒဏ်ရာရရှိသွားပါတယ်။
 
ရေငုပ်သင်္ဘော ယူအက်စ်အက်စ်ကွန်နက်တီကပ်ဟာ အမျိုးအမည်မသိအရာ၀တ္ထုနဲ့ အောက်တိုဘာ ၂ ရက်က တိုက်မိချိန်မှာ သင်္ဘောအမှုထမ်း ၁၅ ဦး အသေးစားဒဏ်ရာများ ရရှိခဲ့တယ်လို့ အမေရိကန်တာ၀န်ရှိသူတွေက အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ တာ၀န်ရှိသူတွေက ဆိုပါတယ်။
 
ထိုင်၀မ်လေပိုင်နက်အတွင်းသို့ တရုတ်စစ်လေယာဉ်တွေစံချိန်တင်၀င်ရောက်မှုကြောင့် တင်းမာမှုတွေမြင့်တက်နေစဉ်မှာ အဲဒီမတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာတော့ အဲဒီရေငုပ်သင်္ဘောဟာ အမေရိကန်ပိုင်နက်ဖြစတဲ့ ဂူအမ်ကျွန်းသို့ ဦးတည်ခုတ်မောင်းနေတယ်လို့ အမေရိကန်ရေတပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။
 
အဲဒီမတော်မဆမှုဖြစ်ပွားခဲ့ပေမယ့်လည်း ယူအက်စ်အက်စ်ကွန်နက်တီကပ်ရဲ့ နျူကလီးယားစွမ်းအင်ပေးစနစ်နဲ့ နေရာတွေထိခိုက်မှုမရှိဘဲ အပြည့်အ၀လည်ပတ်နေဆဲဖြစ်ပြီး သင်္ဘောရဲ့ ထိခိုက်ပျက်စီးမှုတွေကို အကဲဖြတ်နေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW