ရန်ကုန်အောက်တိုဘာ ၈-၂၀၂၁
KK+GH (VOM)
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်၊ ကန်ရိပ်သာလမ်း၊ အမှတ် (B/31)တွင် သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်ထားသော Brave ဘားကို မနေ့ အောက်တိုဘာ ၈ရက် ည၁၁း၄၀ နာရီက ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ဝန်ထမ်းနဲ့စားသောက်နေသူ ၂၅၁ ဦးဖမ်းမိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။
” ညက အဖမ်းခံရတဲ့အထဲမှာ ကိုယ့် အသိတွေပါသွားလို့သိရတာ။ခုတော့ မိသားစုက အာမခံရဖို့လိုက်လုပ်နေကြတယ်။ ဘားတစ်ခုလုံးဆိုတော့ လူက ၂၅၀ လောက်လို့တော့သိရတယ်။ ရဲစခန်းမှာ လူအပြည့်ပဲတဲ့ ” လို့ ဖမ်းခံရသူတချိုရဲ့ အသိမိတ်ဆွေ တွေကပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို မရမ်းကုန်းရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ် ။
Brave Bar ကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့လည်း ဒေသခံတွေပြောပြချက်အရသိရပါတယ်။
အမည်မဖော်လိုသူရဲအရာရှိတစ်ဦးက “အနောက်ပိုင်းခရိုင်ကဆင်းပြီး ဖမ်းတာ၊ သတ်မှတ်တဲ့အချိန်ထက်ကျော်ပြီးဖွင့်လို့ အားလုံးပေါင်း ၂၅၁ဦးဖမ်းမိပါတယ်၊ ဆိုင်ဝန်ထမ်းတွေရော စားသုံးသူတွေပါ ဖမ်တာ”လို့ ပြောပါတယ်။
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်ကြောင်းသတင်းအရ Brave ဘားကို ဝင်ရောက်စစ်ဆေးရာ ဆိုင်ဝန်ထမ်း ၃၆ ဦး၊ လာရောက်စားသောက်သူအမျိုးသား ၁၂၉ ဦး၊အမျိုးသမီး ၈၁ ဦးစုစုပေါင်း၂၅၁ ဦးကိုဖမ်းဆီးရမိပြီး ဥပဒေအရအရေးယူဆောင်ရွက်ထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး Brave bar ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။
KTV ၊ Bar ၊ ကလပ် တွေက်ို ပြည်တွင်းကိုဗစ်ကူးစက်မှုတွေကြောင့် အရင်ထဲက တရားဝင်ဖွင့်လှစ်ခွင့်ပေးထားတာမရှိပေမယ့် ဆိုင်တချို့ကတော့ ဖွင့်လှစ်တာမျိုးရှိခဲ့တာကြောင့် အရင်ကလည်း ဝင်ရောက်ဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ရန်ကုန် #Bravebar #လူ၂၅၀ကျော် #ဖမ်းမိ