ဗုံးခိုကျင်းထဲမှာ အောက်စီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၄ ယောက် သေဆုံး

အောက်တိုဘာ ၊ ၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ကရင်ပြည်နယ် ၊ ဘာအံမြို့နယ် ၊ ကော့ရင်းအောက်ကျေးရွာအုပ်စု ၊ စိမ့်ပိုင်း ကနစိုးကုန်းမှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က ဗုံးခိုကျင်းထဲမှာ အောက်စီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၄ ဦး သေဆုံးနေတယ်လို့ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
 
အဲ့ဒီ ဗုံးခိုကျင်းထဲမှာ သေဆုံးနေတဲ့သူတွေကို သွားရောက်ကူညီပေးခဲ့တဲ့ စေတနာ့ဝန်ထမ်း တယောက်က ” ဗုံခိုကျင်းထဲမှာ ခြင်ဆေးခွေထွန်းထားရာက အခုလို အောက်စီဂျင် ပြတ်တောက်သွားတာ ဖြစ်နိုင်တယ် ၊ ဒေါ်တင်လှိုင် ၆၃ နှစ် ၊ နော်မြစိန် ၃၉ နှစ် ၊ နော်တင်လှမွှေး ၃၃ နှစ် နဲ့ နော်အေးစပယ် ၃၀ နှစ် အဲ့ဒီ ၄ ယောက်သေဆုံးတာ ” လို့ ပြောပါတယ်။
 
အဲ့ဒီ သေဆုံးသူ လူ ၄ ယောက်ဟာ မိသားစုဝင်တွေဖြစ်ကြပြီး မြေအောက် အနက် ၆ ပေ ၊ အကျယ် ၁၄ ပေ ရှိတဲ့ မြေကျင်းကို မြေသားဖုံအုပ်ပြီး ၂ ပေ ပတ်လည် လူဝင်ပေါက်ပုံစံနဲ့ ပြုလုပ်ထားတဲ့ ဗုံးခိုကျင်းထဲမှာ သေဆုံးနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
 
” မြေကျင်းတွေရဲ့ သဘောသဘာဝက အတွင်းမှာ မြေခိုးထုတ်လုပ်မှုရှိတဲ့အတွက် လေဝင်လေထွက် ကောင်းမွန်တဲ့ နည်းလမ်းနဲ့ စီမံရမှာဖြစ်တယ် ၊ အမိုးဘက်မှာ လူဝင်ပေါက်ထားတာဟာ အောက်စီဂျင်ကို ပြတ်တောက်ဖို့ ပိုမိုလွယ်ကူစေတာကြောင့် မြေသားနံရံဘက်ကနေ ဝင်ပေါက် ထွက်ပေါက် ပြုလုပ်ထားခြင်းဖြင့် အောက်စီဂျင် ပြတ်တောက်မှုကို ကာကွယ်ပေးနိုင်တယ် ” လို့ ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက အကြံပြုပြောထားပါသေးတယ်။
 
#voiceofmyanmar #VOM #ဘားအံ #ဗုံးခိုကျင်း #လူလေးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW