မိုင်းကိုင်းရဲစခန်းအနီးမှာ ဆက်တိုက်ပေါက်ကွဲမှုတွေ ဒုတိယအကြိမ် ထပ်မံဖြစ်ပေါ်ခဲ့

အောက်တိုဘာ ၊ ၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တော စံပြကျေးရွာမှာ အခြေပြုတဲ့ မိုင်းကိုင်းနယ်မြေရဲ့စခန်း အနီးဝန်းကျင်မှာ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီမထိုးခင်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ နမ့်တောနယ်ခံတွေက ပြောပါတယ်။
 
” ညက ရဲစခန်းဘက်က ပေါက်ကွဲသံတွေကြားရတယ် ပထမပေါက်ကွဲသံက မပြင်းပေမယ့် နောက်ထပ်ပေါက်တဲ့အသံက အရမ်းပြင်းတယ် ၊ ထိခိုက်ပျက်စီးတာ ရှိတယ် မရှိဘူးဆိုတာ ညဆိုတော့ မသိရဘူး ၊ ပျက်စီးတာ ရှိတာ မရှိတာထက် ဒီမနက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ခရီးစဥ်ရှိတယ်လို့ ကြားရတော့ ရွာကလူတွေက အရမ်းကြောက်နေကြတာ”လို့ နမ့်တောရွာခံ တယောက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ညပိုင်းကလည်း မိုင်းကိုင်း နယ်မြေရဲစခန်းအနီးမှာ ပေါက်ကွဲမှူတွေ ဖြစ်ခဲ့ပြီး တစ်လပြည့်တဲ့ညမှာပဲ အခုလို ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။
 
မိုင်းကိုင်း နယ်မြေရဲစခန်းဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်အကြား ဥရုချောင်းဘေးမှာ တည်ရှိပြီး KIA ထိန်းချုပ်နယ်မြေတွေနဲ့ မဝေးဘူးလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပေါင် #ဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW