မိုးကုတ်မြို့မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး သေဆုံးနဲ့ဒဏ်ရာရသူတွေရှိ

အောက်တိုဘာ ၉-၂၀၂၁
GH (VOM)
မိုးကုတ်မြို့ အရှေပိုင်း ၊ လည်ဦး အမက ၂၃ ကျောင်း အနီးမှာ မနေ့က အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်တပ်၊ရဲ နဲ့ အမည်မသိလက်နက်ကိုင်တွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သေဆုံး၊ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။
 
” စစ်သားတွေက အရပ်ဝတ်တွေနဲ့ သံလွင်တောင်ဘက်ကနေ ပြန်လာတာ။ 4Weelကား နဲ့ ကျောင်းနားကြတော့ သူတို့ပစ်ခတ်ခံရတာပဲ။ စစ်တပ်ဘက်ကထိပြီး ဒဏ်ရာရသူရှိတယ်ကြားတယ်။သေတာလည်းရှိတယ် ကြားတယ်။ ဘယ်လောက်ဆိုတာတော့ အတိအကျကတော့ သေချာမသိရသေးပါဘူး ၊သတင်းထွက်နေတာတော့ ၃ ယောက်သေတယ်ကြားတယ်။ ” လို့ ဒေသခံတဦးကပြောပါတယ်။
 
ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာ အမက-၂၃ ကျောင်းအနီးတဝိုက်နေရာတွေကို ပိတ်ဆို့စစ်ဆေးရှာဖွေတာတွေလုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရတာတော့မရှိခဲ့ဘူးလို့ သိရပါတယ်။
 
မိုးကုတ်မြို့မှာ ဒီကနေ့အောက်တိုဘာ ၉ ရက်နေ့မှာလည်း မြို့တွင်းစစ်ဆေးမှုတွေ ပိုပြီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာလည်း မိုးကုတ်မြို့ လျှပ်စစ်ရုံးမန်နေဂျာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး EPC ရုံးကို နှစ်ကြိမ်ထက်မနည်းဗုံးခွဲခံခဲ့ရတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မိုးကုတ#အပြန်အလှန်ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW