မြိုင်မြို့နယ်မှာ ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဌနဲ့ဇနီး သေနတ်နဲ့ပစ်ခံရပြိး တဦးသေ တဦးဒဏ်ရာရ

ရန်ကုန်၊အောက်တိုဘာ ၉-၂၀၂၁
KK(VOM)
 
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ မနေ့ မနက် ၁၁နာရီခွဲက ကြံခိုင်ရေးပါတီရပ်ကျေးဥက္ကဌဖြစ်သူနဲ့ဇနီးတို့မှာ ယာခင်းထဲသို့အသွားလမ်းမှာ အမည်မသိလူတစ်စုက သေနတ်နဲ့ပစ်ခတ်လို့ အမျိုးသားဖြစ်သူ သေဆုံးပြီး အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ဝက်ပုတ်ကျေးရွာက ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဝင်လင်မယားတွေပါ၊ အလုပ်သမားတွေရှိတဲ့ ယာခင်းထဲသွားရင်း အပြစ်ခံရတာပါ၊ အရင်ကလည်း သေနတ်နဲ့ပစ်ခံရသေးတယ်”လို့ ဒေသခံတဦးက ရှင်းပြပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အဲ့ဒီလင်မယား(၂)ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပေမယ့် နွားတွေရှေ့က ဖြတ်သွား
တဲ့အတွက် ဒဏ်ရာရရှိခြင်းမရှိဘူးလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
 
သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသူဟာ ဦးမြင့်အေးဆိုသူဖြစ်ပြီး ဝက်ပုတ်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သလို ပြည်ခိုင်ဖြိုးပါတီရဲ့ရပ်ကျေးဥက္ကဌလည်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို မုံရွာစစ်ဆေးရုံမှာ ပို့ဆောင်ကုသထားတယ်လို့ အမည်မဖော်လိုသူတဦးက
ပြောပါတယ်။
 
နကစကောင်စီလက်ထက်မှာ မကွေးတိုင်းအတွင်း ကြံ့ခိုင်ရေးပါတီဝင်အသတ်ခံရမှုမှာ အခုအကြိမ်နဲ့အပါအဝင်(၆၇)ဦးရှိပြီး ၊ အမည်မသိသူတွေက ဖမ်းဆီးခေါ်ဆောင်သွားကာ ပြန်လည်သတင်းမရတဲ့သူ (၂၃)ဦးရှိပြီဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်
ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သိရပါတယ်။
 
#voiceofmyanmar #VOM #မြိုင် #ပြည်ခိုင်ဖြိုးပါတီဝင်လင်မယာ #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW