တောင်တရုတ်ပင်လယ်မှာ အမေရိကန်-ဂျပန် ပထမဆုံး စစ်ရေးလေ့ကျင့်

တိုကျို၊ နို၀င်ဘာ-၁၇-၂၀၂၁
မျိုးဆက်(VOM)
 
တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရေတပ်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နို၀င်ဘာ ၁၆ ရက်တွင်ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုအတွက် ရေငုပ်သင်္ဘောတစ်စင်းကိုလည်း စေလွှတ်ခဲ့ကြောင်း ဂျပန်ရေတပ်ကထုတ်ပြန်ပါတယ်။
 
အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောအပြင် ဖျက်သင်္ဘောတွေနဲ့ ကင်းလှည့်လေယာဉ်တွေ လည်းပါ၀င်ကြောင်း ဂျပန်ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တောင်တရုတ်ပင်လယ်မှာ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု ပထမဆုံးအကြိမ် ပြုလုပ်တာလည်းဖြစ်ပါတယ်။
 
စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်-ဂျပန် မိတ်ဖက်ဆက်ဆံရေး၊ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်နဲ့ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ထိန်းချုပ်ဖို့ ရည်ရွယ်ပုံရကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။
 
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်အခြစိုက်စခန်းတွေ ထူထောင်ဖို့အတွက် ကျွန်းတုများတည်ဆောက်ခြင်းကဲ့သို့သောနည်းလမ်းနဲ့ သူ့ရဲ့တည်ရှိမှုကို မြှင့်တင်နေပါတယ်။
 
အမေရိကန်ကလည်း တောင်တရုတ်ပင်လယ်ကိုလွှမ်းခြုံထားတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ လုံခြုံရေးဆိုင်ရာ မူဘောင်သစ်တစ်ခုဖန်တီးပြီး တရုတ်နိုင်ငံရဲ့လှုပ်ရှားမှုတွေကို တန်ပြန်ဖို့ကြိုးစားနေပါတယ်။
 
Ref: NHK
Photo: US Navy
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW