တောင်တရုတ်ပင်လယ်မှာ အမေရိကန်-ဂျပန် ပထမဆုံး စစ်ရေးလေ့ကျင့်

တိုကျို၊ နို၀င်ဘာ-၁၇-၂၀၂၁ မျိုးဆက်(VOM)   တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရေတပ်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နို၀င်ဘာ ၁၆ ရက်တွင်ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုအတွက် ရေငုပ်သင်္ဘောတစ်စင်းကိုလည်း စေလွှတ်ခဲ့ကြောင်း ဂျပန်ရေတပ်ကထုတ်ပြန်ပါတယ်။   အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောအပြင် ဖျက်သင်္ဘောတွေနဲ့ ကင်းလှည့်လေယာဉ်တွေ လည်းပါ၀င်ကြောင်း ဂျပန်ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တောင်တရုတ်ပင်လယ်မှာ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု ပထမဆုံးအကြိမ် ပြုလုပ်တာလည်းဖြစ်ပါတယ်။   စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်-ဂျပန် မိတ်ဖက်ဆက်ဆံရေး၊ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်နဲ့ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ထိန်းချုပ်ဖို့ ရည်ရွယ်ပုံရကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။   တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်အခြစိုက်စခန်းတွေ ထူထောင်ဖို့အတွက် ကျွန်းတုများတည်ဆောက်ခြင်းကဲ့သို့သောနည်းလမ်းနဲ့ သူ့ရဲ့တည်ရှိမှုကို မြှင့်တင်နေပါတယ်။   အမေရိကန်ကလည်း တောင်တရုတ်ပင်လယ်ကိုလွှမ်းခြုံထားတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ လုံခြုံရေးဆိုင်ရာ မူဘောင်သစ်တစ်ခုဖန်တီးပြီး တရုတ်နိုင်ငံရဲ့လှုပ်ရှားမှုတွေကို တန်ပြန်ဖို့ကြိုးစားနေပါတယ်။   Ref: NHK Photo: US…

Read More

ဒေလီမြို့မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းနဲ့ကောလိပ်တွေအကုန် ပိတ်ထားရ

ဒေလီ၊ နို၀င်ဘာ-၁၇-၂၀၂၁ မျိုးဆက်(VOM)   အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် စာသင်ကျောင်းနဲ့ ကောလိပ်တွေအကုန်လုံးကို ရက်အကန့်အသတ်မရှိပိတ်ဆို့ အာဏာပိုင်တွေကအမိန့်ထုတ်လိုက်ပါတယ်။   ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း နို၀င်ဘာ ၂၁ ရက်ထိပိတ်ပင်ထားပြီး သယ်ယူပို့ဆောင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းတွေကိုတော့ခြွင်းချက်အဖြစ် ဆက်လက်လည်ပတ်လုပ်ကိုင်ခွင့်ပြုထားပါတယ်။   ဒါ့အပြင် ဒေလီမြို့ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ ၁၁ ရုံအနက် ငါးရုံကိုသာ လည်ပတ်ခွင့်ပြုထားပါတယ်။ ဒေလီမြို့မှာ ဒီပါ၀လီပွဲတော်ပြီးနောက်ပိုင်းကစလို့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။   လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အမှုန်အမွှားတွေဟာ လူတွေရဲ့အဆုတ်ကို ပိတ်ဆို့စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ပမာဏထက် လက်ရှိမှာကျော်လွန်နေပါတယ်။   အိန္ဒိယနိုင်ငံမှာ ယခုနှစ်အတွင်း လေထုညစ်ညမ်းမှုမှာ အလွန်ဆိုးရွားနေတာကြောင့် ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အစီအမံတွေကို ပြည်နယ်နဲ့ဖက်ဒရယ်အစိုးရတွေကို အိန္ဒိယအထူးတရားရုံးက ညွှန်ကြားထားပါတယ်။   Ref: BBC Photo:Getty Images…

Read More

ဓားသွေးကတ်ကြေးသွေးရင်း ဝမ်းရေးဖြေရှင်းနေရတဲ့ စက္ခုအလင်းမဲ့နေသူ ဦးမောင်ကြိုင်

အေးချမ်းသူ(VOM)   မနက်အလင်းရောင်နဲ့အတူ အင်းစိန်-ပေါက်တောဝ ကားမှတ်တိုင်မှာ ရုံးသွားသူတွေ၊အလုပ်သွားသူတွေ စျေးရောင်းစျေးဝယ်နဲ့အတူ YBS ကားတွေလည်း ရှုပ်လို့နေပါတယ်။   လှိုင်သာယာကနေ အင်းစိန်ဘက်ကို မောင်းနှင်လာတဲ့ YBS-6ကားဟာ ပေါက်တောဝမှတ်တိုင်အနီး ရပ်လိုက်ပါတယ်။ကားပေါ်မှ အသက် ၇၀ နီးပါးရှိတဲ့ အဘိုးအိုတစ်ဦးနဲ့ဟာ အသက်ရှစ်နှစ်အရွယ် ကလေးမကိုတွဲပြီး ကားပေါ်ကဆင်းလာပါတယ်။   ကားပေါ်မှ ဆင်းလာတဲ့ အဘိုးအိုဟာ မျက်စိမမြင်တဲ့အပြင် လေပါဖြတ်ထားပြီး ခြေထောက်ကမသန်လို့ လက်တစ်ဖက်က တောင်ဝှေးကိုအားပြုကာ မြေးမလေးကိုတွဲပြီး ဆင်းလာပါတယ်။   ကားပေါ်ကနေ အောက်ကိုရောက်လျှင် မြေးမလေးက အဘိုးအိုရဲ့လက်ကိုဆွဲ အဘိုးအိုက တောင်ဝှေးကိုအဖော်ပြုကာ မှတ်တိုင်အနီးက လမ်းတွေကို တစ်လမ်းဝင်တစ်လမ်းထွက် ပါးစပ်မှ “ဓားတွေသွေးတယ် ကတ်ကြေးတွေသွေးတယ်”လို့ အော်ကာ သူရဲ့အလုပ်ကို စတင်ပါတော့တယ်။   သူ့အမည်က ဦးမောင်ကြိုင် လှိုင်သာယာမြို့နယ်၊ ၂ရပ်ကွက်၊ ဗထူး ၈လမ်း ဒ၊ အိမ်အမှတ်…

Read More
VOM News

FREE
VIEW