ဒေလီမြို့မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းနဲ့ကောလိပ်တွေအကုန် ပိတ်ထားရ

ဒေလီ၊ နို၀င်ဘာ-၁၇-၂၀၂၁
မျိုးဆက်(VOM)
 
အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် စာသင်ကျောင်းနဲ့ ကောလိပ်တွေအကုန်လုံးကို ရက်အကန့်အသတ်မရှိပိတ်ဆို့ အာဏာပိုင်တွေကအမိန့်ထုတ်လိုက်ပါတယ်။
 
ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း နို၀င်ဘာ ၂၁ ရက်ထိပိတ်ပင်ထားပြီး သယ်ယူပို့ဆောင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းတွေကိုတော့ခြွင်းချက်အဖြစ် ဆက်လက်လည်ပတ်လုပ်ကိုင်ခွင့်ပြုထားပါတယ်။
 
ဒါ့အပြင် ဒေလီမြို့ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ ၁၁ ရုံအနက် ငါးရုံကိုသာ လည်ပတ်ခွင့်ပြုထားပါတယ်။ ဒေလီမြို့မှာ ဒီပါ၀လီပွဲတော်ပြီးနောက်ပိုင်းကစလို့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။
 
လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အမှုန်အမွှားတွေဟာ လူတွေရဲ့အဆုတ်ကို ပိတ်ဆို့စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ပမာဏထက် လက်ရှိမှာကျော်လွန်နေပါတယ်။
 
အိန္ဒိယနိုင်ငံမှာ ယခုနှစ်အတွင်း လေထုညစ်ညမ်းမှုမှာ အလွန်ဆိုးရွားနေတာကြောင့် ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အစီအမံတွေကို ပြည်နယ်နဲ့ဖက်ဒရယ်အစိုးရတွေကို အိန္ဒိယအထူးတရားရုံးက ညွှန်ကြားထားပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW