နန်းဖာလုံဈေးပိတ်ထားတာနဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ နလံမထူနိုင်သေးတဲ့ တမူးမြို့က အလုပ်အကိုင်အခွင့်အလမ်းများ

နိုဝင်ဘာ ၂၁-၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း ၊ တမူးမြို့မှာရှိတဲ့ ဒေသခံအများစုဟာ အိန္ဒိယနယ်ဈေးဖြစ်တဲ့ နန်းဖာလုံဈေးကို အမှီပြုပြီး ကုန်စည်ကူးသန်း ရောင်းဝယ်မှုလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတာဖြစ်ပါတယ်။ အဲ့ဒီဈေးမှာ အထည်ဆိုင်ဖွင့်လှစ်ရာင်းချသူတွေရှိသလို တချို့ကလည်း ဒေသထွက်သီးနှံတွေကို ရောင်းချကြပါတယ်။ အရင်က တမူးမြို့မှာ နေ့စဉ်ယာဉ်အစီးရေ (၁၀၀) ဝန်းကျင် ပြေးဆွဲနေတာကြောင့် တနေ့လုပ်တနေ့စား ကုန်ထမ်းသမားတွေဟာ တရက်ကို လုပ်အားခ (၈၀၀၀) ကနေ (၃၀၀၀၀) အထိရရှိတာကြောင့် တမူးမြို့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးရော စီးပွားရေးပါအပူအပင်မရှိ အဆင်ပြေနေကြတယ်လို့ မြို့ခံတဦးကပြောပါတယ်။ အခုလိုအခြေအနေမှာ ပြီးခဲ့တဲ့ covid ပထမလှိုင်းကစတင်ပြီး နန်းဖာလုံဈေးပိတ်လိုက်တာကြောင့် ဒီဈေးကိုအမှီပြုနေရတဲ့ ဈေးရောင်းဈေးဝယ်သမားတွေ အခက်အခဲကြုံတွေ့ခဲ့ကြရသလို နယ်စပ်ဖြတ်ကျော်ပြီး ကုန်စည်သယ်ယူပို့ဆောင်ပေးတဲ့ အလုပ်သမားတွေလည်း အလုပ်အကိုင်တွေ နည်းပါးလာခဲ့ပါတယ်။ အရင်က ညအချိန်တွေမှာ တခြားနယ်စပ်လမ်းတွေကနေ သယ်ယူရောင်းချလို့ရနေသေးတာကြောင့် အရောင်းအဝယ်နဲ့ စားဝတ်နေရေးအခြေအနေတွေ ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ပေမယ့်…

Read More
VOM News

FREE
VIEW