ကူးစက်မှုနှုန်းအလွန်မြင့်မားတဲ့ အိုမီခရွန် ဗိုင်းရပ်စ်သစ်တွေ့ရှိကြောင်း WHO ကြေညာ

ဂျီနီဗာ၊ နို၀င်ဘာ-၂၇-၂၀၂၁
မျိုးဆက်(VOM)
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ထပ်မံတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို အိုမီခရွန်လို့ အမည်ပေးလိုက်ပြီး စိုးရိမ်ပူပန်စရာကောင်းတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
 
အဲဒီဗိုင်းရပ်စ်ဟာ အကြိမ်ကြိမ်သန္ဓေပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပြီး အစောပိုင်းသက်သေ အထောက်အထားတွေအရ ကူးစက်နိုင်ခြေအလွန်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။
 
ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တောင်အာဖရိကမှာ နို၀င်ဘာ ၂၄ ရက်က စတင်တွေ့ရှိခဲ့ပြီး ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်နှင့် အစ္စရေးတို့မှာလည်း တွေ့ရှိနေပြီဖြစ်ပါတယ်။
 
ဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ ကူးစက်နိုင်ခြေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက လေ့လာမှုများပြုလုပ်နေကာ ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကိုသိရှိနိုင်ဖို့ အချိန်သီတင်းပတ်အနည်းငယ်ယူရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
 
ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ရှိမှုကြောင့် ကမ္ဘာ့နိုင်ငံအတော်များများဟာ တောင်အာဖရိကသို့ ခရီးသွားခြင်း သို့မဟုတ် တောင်အာဖရိကမှ ခရီးသွားတွေလာရောက်ခြင်းကို တားမြစ်ဖို့ လက်ရှိမှာ ဆုံးဖြတ်ထားပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW