ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့မှာ ဗုံးပေါက်ကွဲပြီး ကား ၃ စီးထက်မနည်း ပျက်စီး

ဒီဇင်ဘာ ၊၆ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ပြည်နယ်တရားလွှတ်တော်ရုံရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံး ၁ လုံး ပေါက်ကွဲတဲ့အတွက် ရုံးရှေ့မှာရပ်ထားတဲ့ ကား ၃ စီးထက်မနည်း ပျက်စီးသွားတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီက သိရပါတယ်။
 
ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ တဥိးက ” ဒီမနက် ၁၁ နာရီလောက်မှာ ပေါက်ကွဲတာပါ ၊ ရုံးတော်စပြီး ကြားနာထိုင်တဲ့အချိန်နဲ့ ချိန်ကိုက်ဆိုသလိုဖြစ်နေတယ် ၊ ပေါက်ကွဲမှုအမျိုးအစားက ဖျက်အားပြင်း ဗုံးအမျိုးအစားထဲမှာပါမယ် ၊ ဘာကြောင့်လဲဆိုတော့ 36 ခွင်ဗုံးတို့ ၊ 91 လက်ပစ်ဗုံးတို့ဆိုရင် သူ့ရဲ့ပေါက်ကွဲအားက ခဲစသေးပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနည်းတယ် ၊ လူတော့ သေတာပေါ့ ၊ အခု ပေါက်ကွဲမှုက ပျက်စီးမှုကို အဓိကဖြစ်စေတဲ့အတွက် ဖျက်အားပြင်းအုပ်စုထဲမှာပါတယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုကြောင့် ပြည်နယ်တရားလွှတ်တော် ရုံးဆိုင်းဘုတ်အောက်ခြေမှာ ပျက်စီးတာတွေ ဖြစ်ခဲ့သလို ၊ ဆိုင်းဘုတ်နားမှာ ရပ်နားထားတဲ့ ကားတွေအနက် ကား ၃ စီးထက်မနည်း ပျက်စီးခဲ့တာဖြစ်တယ်လို့ ဆက်ပြီး ပြောပါတယ်။
 
လွန်ခဲ့တဲ့လပိုင်းက ကချင်ပြည်နယ်လွှတ်တော်ရုံးဝန်းကျင်မှာ အလားတူ ပေါက်ကွဲတာတွေ ဖြစ်ခဲ့ဖူးပါသေးတယ်။
 
#voiceofmyanmar #VOM #ကချင် #တရားလွှတ်တော်ရုံးရှေ့ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW