ပါကစ္စတန်မှာ ရိုက်သတ် မီးရှို့ခံရတဲ့ သီရိလင်္ကာအမျိုးသားအမှု လူ ၁၀၀ ကျော်ကိုဖမ်းဆီးထား

အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာ-၆-၂၀၂၁ မျိုးဆက်(VOM)   ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးစော်ကားတယ်လို့စွပ်စွဲခံရတဲ့ သီရိလင်္ကာအမျိုးသားတစ်ဦးကို လူအုပ်ကြီးက ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့အပေါ် နှစ်နိုင်ငံစလုံးမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါကစ္စတန်၀န်ကြီးချုပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။   စက်ရုံမန်နေဂျာတစ်ဦးဖြစ်သူ အသက် ၄၈ နှစ်အရွယ် သီရိလင်္ကာအမျိုးသားဟာ ဒီဇင်ဘာ ၃ ရက်နေ့မှာ ရိုက်နှက်သတ်ဖြတ်ခံရပြီး အလောင်းကိုလည်း မီးရှို့ခြင်းခံခဲ့ရပါတယ်။   အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး လက်ရှိချိန်ထိ လူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပါကစ္စတန်၀န်ကြီးချုပ် အိုင်မရာခန်းက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ပါကစ္စတန်နိုင်ငံအတွက် အရှက်ရဖွယ် နေ့တစ်နေ့ဖြစ်တယ်လို့ သူကဆိုပါတယ်။   ဒီလိုသတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ လူမဆန်ကြောင်းနဲ့ တရားမျှတမှုရှိစေရေးအတွက် ပါကစ္စတန်နဲ့ သီရိလင်္ကာအစိုးရတို့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပေးဖို့ သေဆုံးသူရဲ့ ဇနီးသည်က တောင်းဆိုထားပါတယ်။   ကြောက်မက်ဖွယ်ကောင်းတဲ့ အဲဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်းနဲ့ ကျူးလွန်သူအားလုံးကို ဥပဒေအရ ပြင်းထန်းစွာအရေးယူသွားမယ်လို့ ပါကစ္စတန်၀န်ကြီးချုပ်…

Read More

မြောက်ဥက္ကလာမှာ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတဦး သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊ဒီဇင်ဘာ ၆၊၂၀၂၁ KK(VOM)   မြောက်ဥက္ကလာပမြို့နယ် င ရပ်ကွက်မှာဒီကနေ့နံနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတဦးသေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်၊ နွယ်နီ (၁၃) လမ်းနဲ့ သန္တာ(၁၂) လမ်းကြားမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ င ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “သေနတ်နဲ့လေးချက်ပစ်သွားတာ ပွဲချင်းပြီးပဲ၊ တဦးကဒဏ်ရာရတယ် သေတာက အမျိုးသမီးပါ၊ အခုတော့အလောင်းကိုလာသယ်သွားပါပြီ”လို့ သူကပြောပါတယ်။   သေဆုံးသူမှာ ပြည်ခိုင်ဖြိုးပါတီဝင် ဒေါ်နီနီရွှေဆိုသူဖြစ်ပြီး သားဖြစ်သူနဲ့ စျေးကိုလမ်းလျှောက်သွားချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး သားဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေက င ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွတွေနဲ့ နွယ်နီ ၁၃ လမ်း၊သန္တာလမ်းတွကို ပိတ်ဆို့စစ်ဆေးနေနေတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း…

Read More

ဗီဇပြောင်း ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် မုံရွာ-ကလေး လေကြောင်းလိုင်း ယာယီရပ်ဆိုင်းထား

ဒီဇင်ဘာ ၊ ၆ -၂၀၂၁ နှင်းဖြူဝေ (VOM)   ဒီဇင်ဘာ ၇ ရက်ကစပြီး တိုးချဲ့ပြေးဆွဲပေးမယ်လို့ ကြေညာခဲ့တဲ့ မုံရွာ-ကလေး လေကြောင်းခရီးစဥ်ဟာ ပြေးဆွဲပေးမယ့် ၂ ရက်အလိုမှာပဲ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အဲ့ဒီခရီးစဥ်ကို ပြေးဆွဲခြင်းမပြုတော့ဘဲ ယာယီရပ်ဆိုင်းထားဖို့ ကြေညာချက်တင်္ပ ထုတ်ပြန်လိုက်တယ်လို့ မုံရွာအခြေစိုက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေဆီက သိရပါတယ်။   အဲ့ဒီအကြောင်းကို မုံရွာအခြေစိုက် ခရီးသွားဝန်ဆောင်မှုနဲ့ လေယာဥ်လက်မှတ်အရောင်းဌာန လုပ်ငန်းရှင် တဦးက ” အခုလာမယ့် ၇ ရက် ၊ အင်္ဂါက စပြီး အပတ်စဥ် အဂ်ါနေ့ ညနေပိုင်း ၃ နာရီ နောက်ပိုင်းမှာ မုံရွာ-ကလေး ပုံမှန်ပြေးဆွဲပေးမယ်လို့ ကနဦး ကြေညာခဲ့တယ် ၊ မနေ့ ဒီဇင်ဘာ ၅ ရက်က ကမ္ဘာ့နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ လက်တလောဖြစ်နေတဲ့ မျိုးရိုးဗီဇပြောင်း…

Read More

ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့မှာ ဗုံးပေါက်ကွဲပြီး ကား ၃ စီးထက်မနည်း ပျက်စီး

ဒီဇင်ဘာ ၊၆ -၂၀၂၁ နှင်းဖြူဝေ (VOM)   ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ပြည်နယ်တရားလွှတ်တော်ရုံရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံး ၁ လုံး ပေါက်ကွဲတဲ့အတွက် ရုံးရှေ့မှာရပ်ထားတဲ့ ကား ၃ စီးထက်မနည်း ပျက်စီးသွားတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီက သိရပါတယ်။   ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ တဥိးက ” ဒီမနက် ၁၁ နာရီလောက်မှာ ပေါက်ကွဲတာပါ ၊ ရုံးတော်စပြီး ကြားနာထိုင်တဲ့အချိန်နဲ့ ချိန်ကိုက်ဆိုသလိုဖြစ်နေတယ် ၊ ပေါက်ကွဲမှုအမျိုးအစားက ဖျက်အားပြင်း ဗုံးအမျိုးအစားထဲမှာပါမယ် ၊ ဘာကြောင့်လဲဆိုတော့ 36 ခွင်ဗုံးတို့ ၊ 91 လက်ပစ်ဗုံးတို့ဆိုရင် သူ့ရဲ့ပေါက်ကွဲအားက ခဲစသေးပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနည်းတယ် ၊ လူတော့ သေတာပေါ့ ၊ အခု ပေါက်ကွဲမှုက ပျက်စီးမှုကို…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ်ချမှတ်

နေပြည်တော် ၊ ဒီဇင်ဘာ၆-၂၀၂၁ KT(VOM)   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အမှုများအနက်မှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုကို ဒီဇင်ဘာ ၆ ရက်နေ့ ဒီနေ့မှာ နေပြည်တော် အထူးတရားရုံးက ၄ နှစ်ချလိုက်ကြောင်းတရားရုံးအသိုင်းအဝိုင်းက သိရပါတယ်။   နိုဝင်ဘာ ၃၀ ရက်နေ့က အပြီးသတ်အမိန့်ချရန်ချရန်စီစဥ်ထားသော်လည်း အမိန့်မချဖြစ်ဘဲ ဒီဇင်ဘာ ၆ ရက်နေ့ကို အမိန့်ချရန်ပြောင်းလဲခဲ့ကြောင်း၊အဆိုပါအမှုမှာတရားခံပြသက်သေ သီးခြားတင်သွင်းခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ထွက်ဆိုခဲ့သောအမှုဖြစ်ကြောင်းသိရပါတယ်။   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် ဒီကနေ့ ဒီဇင်ဘာ ၆ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ်အမိန့်ချလိုက်တာပါ။   အလားတူ သမ္မတဦးဝင်းမြင့်ကိုလည်း ၅၀၅ (ခ) နဲ့…

Read More

ကြည့်မြင်တိုင် ဆန္ဒပြပွဲမှာ MPA သတင်းထောက် ၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ဒီဇင်ဘာ ၆၊၂၀၂၁ KK(VOM)   မနေ့ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းက ရန်ကုန် ကြည့်မြင်တိုင်မှာ လုပ်တဲ့ ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တာမှာ ဆန္ဒပြပွဲ သတင်းယူနေတဲ့ Myanmar Pressphoto Agency (MPA) သတင်းဌာနက သတင်းထောက်နှစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ MPA က ထုတ်ပြန်ပါတယ်။   ကြည့်မြင်တိုင်မြို့နယ်က ရန်ကုန်လူထုသပိတ်စစ်ကြောင်းမှာသတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ နှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မနေ့ညပိုင်းက MPA သတင်းဌာနကထုတ်ပြန်ထားပါတယ်။   စစ်တပ်က ဆန္ဒပြသူတွေကို ကားနဲ့တိုက်ကာဖမ်းဆီးခဲ့လို့ သတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းဟာ ပေါင် ကျိုးဒဏ်ရာရရှိကာ စစ်ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။   “ကိုကောင်းတစ်ယောက်ထဲမဟုတ်ဘူး မှုးရတနာလည်း ဆေးရုံမှာပဲသူလည်း စိုးရိမ်ရတယ် အခြေအနေသိပ်မကောင်းဘူး”လို့ပြောပါတယ်။   ရုပ်သံသတင်းထောက်ဖြစ်သူ မမှူးရတနာခက်မို့မို့ထွန်း မှာလည်း ကားနဲ့တိုက်ခံရ၍…

Read More
VOM News

FREE
VIEW