ကြည့်မြင်တိုင် ဆန္ဒပြပွဲမှာ MPA သတင်းထောက် ၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ဒီဇင်ဘာ ၆၊၂၀၂၁
KK(VOM)
 
မနေ့ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းက ရန်ကုန် ကြည့်မြင်တိုင်မှာ လုပ်တဲ့ ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တာမှာ ဆန္ဒပြပွဲ သတင်းယူနေတဲ့ Myanmar Pressphoto Agency (MPA) သတင်းဌာနက သတင်းထောက်နှစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ MPA က ထုတ်ပြန်ပါတယ်။
 
ကြည့်မြင်တိုင်မြို့နယ်က ရန်ကုန်လူထုသပိတ်စစ်ကြောင်းမှာသတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ နှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မနေ့ညပိုင်းက MPA သတင်းဌာနကထုတ်ပြန်ထားပါတယ်။
 
စစ်တပ်က ဆန္ဒပြသူတွေကို ကားနဲ့တိုက်ကာဖမ်းဆီးခဲ့လို့ သတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းဟာ ပေါင်
ကျိုးဒဏ်ရာရရှိကာ စစ်ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။
 
“ကိုကောင်းတစ်ယောက်ထဲမဟုတ်ဘူး မှုးရတနာလည်း ဆေးရုံမှာပဲသူလည်း စိုးရိမ်ရတယ် အခြေအနေသိပ်မကောင်းဘူး”လို့ပြောပါတယ်။
 
ရုပ်သံသတင်းထောက်ဖြစ်သူ မမှူးရတနာခက်မို့မို့ထွန်း မှာလည်း ကားနဲ့တိုက်ခံရ၍ ဦးခေါင်း၊ရင်ဘတ် ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး အမှတ် ၂ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
 
မနေ့က ကြည့်မြင်တိုင်မှာဖြစ်ခဲ့တဲ့ ရန်ကုန်လူထုသပိတ်စစ်ကြောင်းဖြိုခွင်းမှုတွင် MPA သတင်းဌာနက သတင်းထောက် ၂ဦးအပါအ
ဝင် ၁၁ ဦးဖမ်းဆီးခံခဲ့ရပါတယ်။
 
#voiceofmyanmar #VOM #MPA

Related posts

Leave a Comment

VOM News

FREE
VIEW