ပါကစ္စတန်မှာ ရိုက်သတ် မီးရှို့ခံရတဲ့ သီရိလင်္ကာအမျိုးသားအမှု လူ ၁၀၀ ကျော်ကိုဖမ်းဆီးထား

အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာ-၆-၂၀၂၁
မျိုးဆက်(VOM)
 
ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးစော်ကားတယ်လို့စွပ်စွဲခံရတဲ့ သီရိလင်္ကာအမျိုးသားတစ်ဦးကို လူအုပ်ကြီးက ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့အပေါ် နှစ်နိုင်ငံစလုံးမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါကစ္စတန်၀န်ကြီးချုပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
 
စက်ရုံမန်နေဂျာတစ်ဦးဖြစ်သူ အသက် ၄၈ နှစ်အရွယ် သီရိလင်္ကာအမျိုးသားဟာ ဒီဇင်ဘာ ၃ ရက်နေ့မှာ ရိုက်နှက်သတ်ဖြတ်ခံရပြီး အလောင်းကိုလည်း မီးရှို့ခြင်းခံခဲ့ရပါတယ်။
 
အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး လက်ရှိချိန်ထိ လူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပါကစ္စတန်၀န်ကြီးချုပ် အိုင်မရာခန်းက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ပါကစ္စတန်နိုင်ငံအတွက် အရှက်ရဖွယ် နေ့တစ်နေ့ဖြစ်တယ်လို့ သူကဆိုပါတယ်။
 
ဒီလိုသတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ လူမဆန်ကြောင်းနဲ့ တရားမျှတမှုရှိစေရေးအတွက် ပါကစ္စတန်နဲ့ သီရိလင်္ကာအစိုးရတို့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပေးဖို့ သေဆုံးသူရဲ့ ဇနီးသည်က တောင်းဆိုထားပါတယ်။
 
ကြောက်မက်ဖွယ်ကောင်းတဲ့ အဲဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်းနဲ့ ကျူးလွန်သူအားလုံးကို ဥပဒေအရ ပြင်းထန်းစွာအရေးယူသွားမယ်လို့ ပါကစ္စတန်၀န်ကြီးချုပ် အိုင်မရာခန်းက ကတိပြုပြောဆိုပါတယ်။
 
Ref: BBC
Photo:AP
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ

Related posts

Leave a Comment

VOM News

FREE
VIEW