အင်္ဂလန်မှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက် ၊သတိပေးချက် အဆင့်လေး ကြေညာ

လန်ဒန်၊ ဒီဇင်ဘာ-၁၃-၂၀၂၁
မျိုးဆက်(VOM)
 
အင်္ဂလန်တွင် အိုမီခရွန်ဗိုင်းရပ်စ်နှင့်ပတ်သက်၍ အရေးပေါ်အခြေအနေကို အဆင့်လေးထိ တိုးမြှင့် ကြေညာလိုက်ပြီး အသက် ၁၈ နှစ်အထက်လူတိုင်းကို ယခုသီတင်းပတ်မှစ၍ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံရမယ်လို့ ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။
 
အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းလာနေတာကြောင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသံသယမှမဖြစ်သင့်ဘူးလို့ ဒီဇင်ဘာ ၁၂ ရက်နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမှတဆင့် တိုက်တွန်းပြောဆိုပါတယ်။
 
အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်ကို အဆင့်လေးသို့ တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် နာရီအနည်းငယ်အကြာမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
 
သတိပေးချက် အဆင့်လေးဆိုတာကတော့ ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုမြင့်မားခြင်း သို့မဟုတ် မြင့်တက်လာခြင်းကို ဆိုလိုပြီး ဗြိတိန်မှာ မေလအတွင်းက သတိပေးချက်အဆင့်လေးကို နောက်ဆုံးထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတွင်းမှာ လက်ရှိချိန်ထိ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှု ၃၁၃၇ ဦးထိရှိနေပါတယ်။
 
ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်းဟာ မိမိတို့အားလုံးလိုအပ်တဲ့ ကာကွယ်ရေးအဆင့်ကို ရောက်ရှိဖို့မလုံလောက်ဘူဆိုတာ ထင်ရှားနေပြီး အိုမီခရွန်ဗိုင်းရပ်စ်သစ်နဲ့အတူ ကပ်ရောဂါတိုက်ဖျက်ရေးမှာ အရေးပေါ်အခြေအနေကို လက်ရှိ ရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကထုတ်ဖော်ပြောဆိုပါတယ်။
 
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW