အမြင့်မြို့ဟောင်း စျေးထိပ်မှာ ရဲ ၁ ဦးနဲ့ အရပ်သား ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၁၆-၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အမြင့်မြို့ဟောင်းကျေးရွာရဲ့ စျေးထိပ်နေရာမှာ ဒီကနေ့ နေ့ခင်းပိုင်းက ရဲ ၁ ဦးနဲ့ အရပ်သား ၁ ဦးတို့ဟာ အနီးကပ် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။
 
မျက်မြင်တွေ့လိုက်ရသူတဦးက “ပစ်သတ်ခံရတဲ့ သူတွေက အမြင့်နယ်မြေရဲစခန်းက ရဲတပ်သား ရဲထက်နိုင်ဆိုတဲ့သူနဲ့ အမြင့်ရွာသား မောင်ထက်ဝေယံ အသက် ၁၈ နှစ် သူတွေဖြစ်တယ် ၊ သူတို့နောက်ကနေ သေနတ်သမားက အနီးကပ် ပစ်သတ်သွားတာ ” လို့ ပြောပါတယ်။
 
အမြင့်ရွာခံတဦးကလည်း ” ဖြစ်တာက နေ့လယ် ၁ နာရီကျော်လောက်က ဖြစ်တာပါ ၊ စျေးထိပ်က ထွန်းကြီး ကွမ်းယာဆိုင်ရှေ့မှာ ရဲ ၁ ယောက်နဲ့ အရပ်သား ၁ ယောက် ပစ်သတ်ခံရတာ ” လို့ ပြောပါတယ် ။
 
အဲ့ဒီ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ရုပ်အလောင်း ၂ ခုကို အခုညနေပိုင်း အချိန်ထိ လာရောက် ကောက်ယူတာ မရှိသေးတာကြောင့် နယ်ခံ လူမှုကူညီရေးအဖွဲ့တွေက ကောက်ယူပြီး ချောင်းဦးဆေးရုံကို ပို့ဆောင်ပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကလည်း ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ စစ်တပ်က ဗိုလ်ကြါ်အဆင့်ရှိသူတို့ မိုင်းရှင်းလင်းရင်း ပေါက်ကွဲမှုဖြစ်တဲ့အတွက် မိုင်းစထိမှန် သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ချောင်းဦး #ရဲနဲ့အရပ်သား #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW