ပူတာအိုနယ်က ​​​ဆောင်းအဝတ်အထည် လိုအပ်ချက်ကို ဝေဠုကျော်ဖောင်ဒေးရှင်းက မျှဝေလှူဒါန်း

ဒီဇင်ဘာ ၊ ၂၁ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
ဆောင်းရာသီမှာ ရေခဲအမှတ်အထိ ဒီဂရီကျရောက်လေ့ရှိတဲ့ မြန်မာနိုင်ငံ မြောက်ဖျား ၊ ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်ထဲက ကျေးလက်ဒေသတချို့ရဲ့ ​ဆောင်းအဝတ်အထည် လိုအပ်ချက်ကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းပေးခဲ့တယ်လို့ ပူတာအိုနယ်ခံ ပရဟိတ စေတနာ့ဝန်ထမ်းတွေဆီက သိရပါတယ်။
 
” ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ နယ်ခံပရဟိတ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်တဲ့ အစီအစဥ် တခုလို့ ပြောလို့ရတယ် ၊ ဆောင်းဝတ်ထည် ၄ ရာ ကျော်
မျှတဝေပေးတာ၊ ပူတာအို ဒေသဆိုတာ မြန်မာနိုင်ငံရဲ့ အအေးပိုရာ နေရာတွေဖြစ်တယ် ၊ရာသီဥတု မျှတပါတယ်ဆိုတဲ့ကာလမှာတောင် အအေးမှတ်က ၂၅ အထက် မကျော်ဘူး ၊ အအေးပိုင်း တောင်တန်းနေ တိုင်ရင်းသားတွေဖြစ်တဲ့အတွက် ပြည့်စုံမှုက နည်းတယ် ၊ အဲ့ဒါကြောင့် ဆောင်းဝတ်ထည် လိုအပ်ချက်ရှိနေတဲ့ သူတွေရဲ့ လက်ဝယ်အရောက် မျှဝေပေးခဲ့တာပါ”လို့ ပူတာအိုနယ်ခံ ပရဟိတသမားတစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် မျှဝေပေးမှု အခြေအနေက အခုလက်တလော မလိခေါမ်ရွာမှာ အထည် ၂ ရာနဲ့ ဖန်ခိုင်ရွာမှာ အထည် ၁ ရာ မျှဝေ လှူဒါန်းပြီီး ဖြစ်တယ်လို့ သိရပါတယ်။
 
အမှန်တကယ် ဆောင်းဝတ်ထည်လိုအပ်နေတဲ့ ဒေသတွေကို ဆက်လက်ပြီး မျှဝေပေးနိုင်ဖို့ စီစဥ်နေတယ်လို့လည်း ဝေဠုကျော် ဖောင်ဒေးရှင်းကိုယ်စား လုပ်ဆောင်ပေးနေတဲ့ ပူတာအိုနယ်ခံ ပရဟိတ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
 
ပူတာအိုနယ်ခံ ပရဟိတအဖွဲ့တွေနဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းတို့ဟာ အရင်ကလည်း ကိုဗစ်ရောဂါ တုန့်ပြန်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အတူလက်တွဲ လုပ်ကိုင်ခဲ့တာ ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပူတာအို #ဆောင်းအဝတ်အထည် #ဝေဠုကျော်ဖောင်ဒေးရှင်း #လှူဒါန်း

Related posts

Leave a Comment

VOM News

FREE
VIEW