အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

ရန်ကုန်၊ဒီဇင်ဘာ ၂၁-၂၀၂၁ KK(VOM)   အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှုနှစ်ကြိမ်ဖြစ်ရာ တဦးသေပြီး နှစ်ဦးဒဏ်ရာရရှိကာ တန်ဖိုးငွေ သိန်းကိုးထောင်ကျော်ခန့်ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   အင်းစိန်မြို့နယ်မှာ ဒီဇင်ဘာ၁၉ ရက်နဲ့၁၈ ရက်နေ့ နှစ်ရက်အတွင်း ရွှေဆိုင်မှပစ္စည်းသိမ်းပြီးပြန်လာတဲ့ကားနဲ့Kpay ငွေလာလဲသောကားနှစ်စီးကို အမည်မသိသူတွေက လုယက်ခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ သိန်းကိုးထောင်ကျော်ပါသွားတာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။   အင်းစိန်စျေးအတွင်းဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တဆိုင်ကနေ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ရွှေသိမ်းပြီးအိမ်ပြန်ရာ အင်းစိန်ဂုံးကျော်တံတားပေါ်မှာ လုယက်ခံရတာဖြစ်ပြီး ရွှေငါးပိသာခန့်တန်ဖိုးငွေသိန်းရှစ်ထောင်နီးပါး ပါသွားတယ်လို့ သူကပြောပါတယ်။   မြို့နယ်အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတဦးက” သူတို့ကားကို taxi တစ်စီးက ပိတ်ရပ်ပြီး ဆိုင်ကယ်သုံးစီးက လုတာပါ၊ ဆိုင်ပိုင်အမျိုးသမီးလက်ကို ဓားနဲ့ခုတ်လို့ ဒဏ်ရာရသွားတယ် ရွှေက ၄ပိဿာခွဲပါ၊ နံ့သာကုန်းဘက်မှာလည်း ၁၈ ရက်နေ့က Kpay လာလဲတဲ့ လင်မယားကို သေနတ်နဲ့ပစ်ပြီး…

Read More

ဖိလစ်ပိုင်မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၃၇၅ ဦးထိ မြင့်တက်လာ

မနီလာ၊ ဒီဇင်ဘာ-၂၁-၂၀၂၁ မျိုးဆက်(VOM)   ဖိလစ်ပိုင်နိုင်ငံမှာ ဒီဇင်ဘာ ၁၆ ရက်ကတိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၇၅ ဦးထိ မြင့်တက်လာတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။   ရိုင်လို့အမည်ရတဲ့ အဲဒီတိုင်ဖွန်းမုန်တိုင်းဟာ တနာရီ မိုင် ၁၂၀ လေတိုက်နှုန်းနဲ့ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တာဖြစ်ပြီး လူလေးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။   မုန်တိုင်းကြောင့် လူ ၅၀၀ ဒဏ်ရာရရှိခဲ့ပြီး ၅၆ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောပါတယ်။   လက်ရှိမှာတော့ ဆက်သွယ်ရေးတွေပြတ်တောက်နေတာကြောင့် မုန်တိုင်းကြောင့် ဆုံးရှုံးမှုအတိုင်းအတာကို အကဲဖြတ်ဖို့ ခက်ခဲနေပါတယ်။ နေရာအနှံ့ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက် တိုးလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။   နေရာအနှံ့မှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး သောက်သုံးရေးလည်း ပြတ်လပ်နေတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအသင်း ဥက္ကဌ ရစ်ချက်ဂေါ်ဒွန်က ပြောပါတယ်။…

Read More

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂၁ – ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာအနီး မန္တလေး မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၆၆ / ၇ နေရာဝန်းကျင်မှာ ဒီဇင်ဘာလ ၂၁ ရက် ဒီကနေ့ နေ့ခင်းပိုင်းက ပဒေသာမိုင်းတွေ ပေါက်ကွဲတဲ့အတွက် ဖြတ်သန်းသွားလာနေတဲ့ ကား ၁ စီး ထိမှန်ပြီး ကားပေါ်က ရဲ ၅ ဦးနဲ့ အရပ်သား ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံ ပရဟိတသမားတွေဆီက သိရပါတယ်။   ” ကျွန်တော်တို့ကားနဲ့ ရှောင်တိမ်းပြီး သိပ်မကြာဘူး မိုင်းတွေကားတယ် ၊ မိုင်းထိတဲ့ကားက VIGO အဖြူရောင်လေး ၊ ကားပေါ်မှာက ရဲတွေဖြစ်မယ်…

Read More

ဖိလစ်ပိုင်မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၃၇၅ ဦးထိ မြင့်တက်လာ

မနီလာ၊ ဒီဇင်ဘာ-၂၁-၂၀၂၁ မျိုးဆက်(VOM)   ဖိလစ်ပိုင်နိုင်ငံမှာ ဒီဇင်ဘာ ၁၆ ရက်ကတိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၇၅ ဦးထိ မြင့်တက်လာတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။   ရိုင်လို့အမည်ရတဲ့ အဲဒီတိုင်ဖွန်းမုန်တိုင်းဟာ တနာရီ မိုင် ၁၂၀ လေတိုက်နှုန်းနဲ့ နိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တာဖြစ်ပြီး လူလေးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။   မုန်တိုင်းကြောင့် လူ ၅၀၀ ဒဏ်ရာရရှိခဲ့ပြီး ၅၆ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောပါတယ်။ လက်ရှိမှာတော့ ဆက်သွယ်ရေးတွေပြတ်တောက်နေတာကြောင့် မုန်တိုင်းကြောင့် ဆုံးရှုံးမှုအတိုင်းအတာကို အကဲဖြတ်ဖို့ ခက်ခဲ့နေပါတယ်။   နေရာအနှံ့ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက် တိုးလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။   နေရာအနှံ့မှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး သောက်သုံးရေးလည်း ပြတ်လပ်နေတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအသင်း ဥက္ကဌ ရစ်ချက်ဂေါ်ဒွန်က…

Read More

မူဆယ်မှာ သေနတ်နဲ့ပစ်ပြီး ငွေလုယက်၊ အမျိုးသမီးတယောက်ဒဏ်ရာရ

ဒီဇင်ဘာ ၂၁-၂၀၂၁ GH ( VOM)   မူဆယ်မြို့လယ်ခေါင်မှာ ငွေလဲနေသူတွေဆီကနေ ငွေထုတ်လုယက်ခဲ့တဲ့အပြင် သေနတ်နဲ့ပါပစ်ခဲ့လို့ အမျိုးသမီးတယောက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဒီဇင်ဘာ၂၀ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” မနေ့ကည ၇ နာရီလောက်ဖြစ်မယ် ၊ ငွေလဲလုပ်နေတဲ့သူဆီက လုကြတာ။ သေနတ်နဲ့လည်းပစ်တယ် ဒဏ်ရာရတယ်တော့ကြားတယ်။လက်နက်ကိုင်တဖွဲ့ကလို့တော့ကြားတယ် ဘယ်သူတွေဆိုတာတော့မသိဘူး။ ” လို့ မူဆယ်ဒေသခံတဦးကပြောပါတယ်။   ပိုက်ဆံလုယက်ခဲ့သူတွေဟာ ကားနဲ့ လာရောက်ပြီး သေနတ်နဲ့ပစ်ခတ်ကာ ငွေတွေလုယူခဲ့ကြောင်း၊ လုယက်ခံရတဲ့ ငွေပမာဏကိုတော့ အတိအကျ မသိရဘူးလို့ပြောပါတယ်။   လက်ရှိမှာတော့ သေနတ်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီိးကို မနေ့ကတည်းက ဆေးရုံကိုပို့ဆောင်ပေးထားကြောင်းနဲ့ ဒဏ်ရာကတော့ စိုးရိမ်စရာ မရှိဘူးလို့သိရပါတယ်။   အခင်းဖြစ်ပွားပြီးနောက်မှာ မူဆယ်မြို့ရဲတပ်ဖွဲ့အပါအဝင်တာဝန်ရှိသူတွေက လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် လက်ရှိအထိတော့ငွေလုယက်သူတွေကိုဖမ်းဆီးရမိကြောင်းမကြားမိသေးဘူးလို့သိရပါတယ်။   #voiceofmyanmar #VOM #မူဆယ် #လုယက်ပစ်ခတ်မှု

Read More

မြန်မာဒုက္ခသည်တွေကို အရေးပေါ်လက်ခံဖို့ ထိုင်းကို UNHCR တောင်းဆို

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂၁-၂၀၂၁ မျိုးဆက်(VOM)   ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည် ၃၀၀၀ ကျော်ကို အရေးပေါ်လက်ခံဖို့ ထိုင်းနိုင်ငံကို ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဒီဇင်ဘာ ၂၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။   မြန်မာစစ်တပ်နဲ့ ကေအင်န်ယူအဖွဲ့တို့ကြား တိုက်ပွဲတွေဟာ ထိုင်းနယ်စပ်နဲ့မဝေးတဲ့ မြန်မာဘက်ခြမ်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ဖြစ်ပွားနေပါတယ်။   လက်နက်ငယ်တွေ၊ အမြောက်တွေနဲ့ပစ်ခတ်မှုကြောင့် မြန်မာဒုက္ခသည် ၇၀၀ ဟာ ဒီဇင်ဘာ ၁၆ ရက်မှာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲကို ၀င်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်မှာတော့ ဒုက္ခသည် ၃၉၀၀ ကျော်ထိ တိုးမြင့်လာတယ်လို့ UNHCR ကဆိုပါတယ်။   မြန်မာဒုက္ခသည်တွေရဲ့ စားသောက်နေထိုင်ရေးနဲ့ပတ်သက်ပြီး UNHCR က စိုးရိမ်နေပြီး အကူအညီတွေနဲ့အတူ ထိုင်းအာဏာပိုင်တွေကို ချဉ်းကပ်ပြောဆိုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။   UNHCR…

Read More

ပူတာအိုနယ်က ​​​ဆောင်းအဝတ်အထည် လိုအပ်ချက်ကို ဝေဠုကျော်ဖောင်ဒေးရှင်းက မျှဝေလှူဒါန်း

ဒီဇင်ဘာ ၊ ၂၁ -၂၀၂၁ နှင်းဖြူဝေ (VOM)   ဆောင်းရာသီမှာ ရေခဲအမှတ်အထိ ဒီဂရီကျရောက်လေ့ရှိတဲ့ မြန်မာနိုင်ငံ မြောက်ဖျား ၊ ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်ထဲက ကျေးလက်ဒေသတချို့ရဲ့ ​ဆောင်းအဝတ်အထည် လိုအပ်ချက်ကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းပေးခဲ့တယ်လို့ ပူတာအိုနယ်ခံ ပရဟိတ စေတနာ့ဝန်ထမ်းတွေဆီက သိရပါတယ်။   ” ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ နယ်ခံပရဟိတ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်တဲ့ အစီအစဥ် တခုလို့ ပြောလို့ရတယ် ၊ ဆောင်းဝတ်ထည် ၄ ရာ ကျော် မျှတဝေပေးတာ၊ ပူတာအို ဒေသဆိုတာ မြန်မာနိုင်ငံရဲ့ အအေးပိုရာ နေရာတွေဖြစ်တယ် ၊ရာသီဥတု မျှတပါတယ်ဆိုတဲ့ကာလမှာတောင် အအေးမှတ်က ၂၅ အထက် မကျော်ဘူး ၊ အအေးပိုင်း တောင်တန်းနေ တိုင်ရင်းသားတွေဖြစ်တဲ့အတွက် ပြည့်စုံမှုက နည်းတယ် ၊…

Read More

ပြည်တွင်း စားသုံးဆီလုံလောက်ဖို့ ပြည်ပကနေ နှစ်စဉ် ဆီ တန်ချိန် ၉ သိန်းကျော်တင်သွင်းနေရ၊ စားသုံးဆီစျေး ၅၀၀၀ ကျော်အထိမြင့်တက်နေဆဲ

ဒီဇင်ဘာ၂၁-၂၀၂၁ GH (VOM)   ပြည်တွင်းမှာ စားသုံးဆီ ထုတ်လုပ်နိုင်မှုပမာဏ လုံလောက်ဖူလုံမှုမရှိလို့ ပြည်ပကနေ နှစ်စဉ် ဆီတန်ချိန် ၉ သိန်းကျော် တင်သွင်းနေရဆဲဖြစ်တယ်လို့ သိရပါတယ်။   ပြည်တွင်းမှာသာ ဆီထွက်သီးနှံတွေကို တိုးချဲ့စိုက်ပျိုးပြီး ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ပြည့်မှီအောင် ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်မှုအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း စတဲ့အကျိုးကျေးဇူးအားလုံးကို ရရှိနိုင်မှာဖြစ်ပေမယ့်ပြည်တွင်း စားသုံးဆီ လစဉ်ကြိတ်ခွဲထုတ်လုပ်နိုင်မှုက ပျမ်းမျှတန်ချိန် ၁၈၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိမှာဆိုရင် စက်တချို့က ရပ်နားထားခြင်း၊ ကုန်ကြမ်းရရှိမှု နည်းပါးလို့ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိဘူးလို့လည်းသိရပါတယ်။   ဒါ့ကြောင့် စားအုံးဆီကို ပြည်ပကနေတင်သွင်းနေရပြီး အရင်က အနိမ့်ဆုံးစားအုန်းဆီစျေး တစ်ပိသာကို ၁၈၀၀ ကျပ်ကနေ အများဆုံး ၂၅၀၀ ကျပ်သာရှိနေရာက လက်ရှိမှာ တပိဿာ ၅၀၀၀ ကျပ်ကျော်အထိ မြင့်တက်လာပြီး ၊ မြန်မာနိုင်ငံကုန်သည်နှင်ဆီလုပ်ငန်းရှင်များအသင်းကနေ ခွဲတမ်းနဲ့ ပြည်သူဆီအရောက်…

Read More

သီပေါမြို့နယ်က ငါးရာကျပ်တန်ထမင်းရောင်းချတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ထောင်ကိုပို့

ဒီဇင်ဘာ ၂၁-၂၀၂၁ KK(VOM)   သီပေါမြို့နယ်က ငါးရာကျပ်တန်ထမင်းရောင်းချတဲ့ ပရဟိတအဖွဲ့ခေါင်းဆောင်အပါအဝင် လူ(၄)ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး လာရှိုးအကျဥ်ထောင်ကိုပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   နှလုံးသားပရဟိတအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ကိုနေဇော်ထွန်းအပါအဝင် (၄)ဦးကို ဒီဇင်ဘာ ၁၈ရက်ကသီပေါရဲစခန်းက ဖမ်းဆီးပြီးနောက် ဒီဇင်ဘာ ၂၀ရ က်နေ့မှာ လာရှိုးအကျဥ်းထောင်ကို ပို့လိုက်တာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။   “ကိုနေဇော်ထွန်းရယ် သူ့အဖေရယ် ပရဟိတအဖွဲ့ဝင်နှစ်ဦးရယ်၊ လာဖမ်းတုန်းက ငါးရာတန်ထမင်းဆိုင်ကိစွရယ် ပရဟိတကိစ္စအတွက်ရယ် မေးစရာရှိလို့ ခဏပါဆိုပြီး ခေါ်သွားတာ”လို့ သူကရှင်းပြပါတယ်။   နှလုံးသားပရဟိတအဖွဲခေါင်းဆောင်နဲ့ အဖွဲ့ဝင်(၄)ဦးဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လာရှိုးမြို့မရဲစခန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။   လက်တလောမှာ ဖမ်ဆီးခံမိသားစုဝင်တွေအနေနဲ့ လာရှိုးအကျဥ်းထောင်ကို ပို့လိုက်တယ်ဆိုတဲ့ သတင်းကိုသာကြားရပြီး အဆက်အသွယ်မရသေးတာကြောင့် စိတ်ပူပန်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။   နှလုံးသားပရဟိတအဖွဲ့က ငါးရာကျပ်တန်ထမင်းဗူးကို ဒီဇင်ဘာ ၈…

Read More
VOM News

FREE
VIEW