ဖိလစ်ပိုင်မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၃၇၅ ဦးထိ မြင့်တက်လာ

မနီလာ၊ ဒီဇင်ဘာ-၂၁-၂၀၂၁
မျိုးဆက်(VOM)
 
ဖိလစ်ပိုင်နိုင်ငံမှာ ဒီဇင်ဘာ ၁၆ ရက်ကတိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၇၅ ဦးထိ မြင့်တက်လာတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
 
ရိုင်လို့အမည်ရတဲ့ အဲဒီတိုင်ဖွန်းမုန်တိုင်းဟာ တနာရီ မိုင် ၁၂၀ လေတိုက်နှုန်းနဲ့ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တာဖြစ်ပြီး လူလေးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
 
မုန်တိုင်းကြောင့် လူ ၅၀၀ ဒဏ်ရာရရှိခဲ့ပြီး ၅၆ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောပါတယ်။
 
လက်ရှိမှာတော့ ဆက်သွယ်ရေးတွေပြတ်တောက်နေတာကြောင့် မုန်တိုင်းကြောင့် ဆုံးရှုံးမှုအတိုင်းအတာကို အကဲဖြတ်ဖို့ ခက်ခဲနေပါတယ်။ နေရာအနှံ့ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက် တိုးလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
 
နေရာအနှံ့မှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး သောက်သုံးရေးလည်း ပြတ်လပ်နေတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအသင်း ဥက္ကဌ ရစ်ချက်ဂေါ်ဒွန်က ပြောပါတယ်။
 
စစ်ဘက်၊ ကမ်းခြေစောင့်တပ်နဲ့ မီးသတ်ဌာနက တပ်ဖွဲ့၀င်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားပြီး ရှာဖွေရေးနဲ့ကယ်ဆယ်ရေးတွေကို ဆက်လက်လုပ်ဆောင်နေကြတယ်လို့ သူကဆိုပါတယ်။
 
Ref: BBC
Photo: Anadolu
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW