သီပေါမြို့နယ်က ငါးရာကျပ်တန်ထမင်းရောင်းချတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ထောင်ကိုပို့

ဒီဇင်ဘာ ၂၁-၂၀၂၁
KK(VOM)
 
သီပေါမြို့နယ်က ငါးရာကျပ်တန်ထမင်းရောင်းချတဲ့ ပရဟိတအဖွဲ့ခေါင်းဆောင်အပါအဝင် လူ(၄)ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး လာရှိုးအကျဥ်ထောင်ကိုပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
နှလုံးသားပရဟိတအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ကိုနေဇော်ထွန်းအပါအဝင် (၄)ဦးကို ဒီဇင်ဘာ ၁၈ရက်ကသီပေါရဲစခန်းက ဖမ်းဆီးပြီးနောက် ဒီဇင်ဘာ ၂၀ရ
က်နေ့မှာ လာရှိုးအကျဥ်းထောင်ကို ပို့လိုက်တာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။
 
“ကိုနေဇော်ထွန်းရယ် သူ့အဖေရယ် ပရဟိတအဖွဲ့ဝင်နှစ်ဦးရယ်၊ လာဖမ်းတုန်းက ငါးရာတန်ထမင်းဆိုင်ကိစွရယ် ပရဟိတကိစ္စအတွက်ရယ် မေးစရာရှိလို့ ခဏပါဆိုပြီး ခေါ်သွားတာ”လို့ သူကရှင်းပြပါတယ်။
 
နှလုံးသားပရဟိတအဖွဲခေါင်းဆောင်နဲ့ အဖွဲ့ဝင်(၄)ဦးဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လာရှိုးမြို့မရဲစခန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
 
လက်တလောမှာ ဖမ်ဆီးခံမိသားစုဝင်တွေအနေနဲ့ လာရှိုးအကျဥ်းထောင်ကို ပို့လိုက်တယ်ဆိုတဲ့ သတင်းကိုသာကြားရပြီး အဆက်အသွယ်မရသေးတာကြောင့် စိတ်ပူပန်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
နှလုံးသားပရဟိတအဖွဲ့က ငါးရာကျပ်တန်ထမင်းဗူးကို ဒီဇင်ဘာ ၈ ရက်မှစတင်ကာ သီပေါမြို့နယ်မှာ စတင်ရောင်းချခဲ့တာဖြစ်တယ်လို့ အနောက်ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“သူတို့ရောင်းပေးလို့ အခြေခံလူတန်းစားတွေ အဆင်ပြေတယ်လေ မကူညီရင်တောင် ပိတ်ပင်တဲ့ အလုပ််မျိုးမလုပ်သင့်ဘူး၊ ပရဟိတအဖွဲ့တောင် ဖမ်းတယ်ဆိုတော့ မတရားဘူးဗျာ”လို့ သူကပြောပါတယ်။
 
သီပေါမြို့နယ်က နှလုံးသားပရဟိအဖွဲ့မှာ ရှမ်းပြည်နယ်အတွင်း၌ ဖြစ်နေသော ရေဘေး၊မီးဘေးနဲ့စစ်ဘေးရှောင်ဒုက္ခသည်အရေးတွေကို ကူညီခဲ့တာဖြစ်ပြီး ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်က ငါးရာကျပ်တန်ဇလုံထမင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ရောင်းချလာကြတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #သီပေ#ငါးရာတန်ထမင်းရောင်းသူ #ပရဟိတအဖွဲ့ဝင်လေးဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW