အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

ရန်ကုန်၊ဒီဇင်ဘာ ၂၁-၂၀၂၁
KK(VOM)
 
အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှုနှစ်ကြိမ်ဖြစ်ရာ တဦးသေပြီး နှစ်ဦးဒဏ်ရာရရှိကာ တန်ဖိုးငွေ သိန်းကိုးထောင်ကျော်ခန့်ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
အင်းစိန်မြို့နယ်မှာ ဒီဇင်ဘာ၁၉ ရက်နဲ့၁၈ ရက်နေ့ နှစ်ရက်အတွင်း ရွှေဆိုင်မှပစ္စည်းသိမ်းပြီးပြန်လာတဲ့ကားနဲ့Kpay ငွေလာလဲသောကားနှစ်စီးကို အမည်မသိသူတွေက လုယက်ခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ သိန်းကိုးထောင်ကျော်ပါသွားတာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။
 
အင်းစိန်စျေးအတွင်းဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တဆိုင်ကနေ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ရွှေသိမ်းပြီးအိမ်ပြန်ရာ အင်းစိန်ဂုံးကျော်တံတားပေါ်မှာ လုယက်ခံရတာဖြစ်ပြီး ရွှေငါးပိသာခန့်တန်ဖိုးငွေသိန်းရှစ်ထောင်နီးပါး ပါသွားတယ်လို့ သူကပြောပါတယ်။
 
မြို့နယ်အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတဦးက” သူတို့ကားကို taxi တစ်စီးက ပိတ်ရပ်ပြီး ဆိုင်ကယ်သုံးစီးက လုတာပါ၊ ဆိုင်ပိုင်အမျိုးသမီးလက်ကို ဓားနဲ့ခုတ်လို့ ဒဏ်ရာရသွားတယ် ရွှေက ၄ပိဿာခွဲပါ၊ နံ့သာကုန်းဘက်မှာလည်း ၁၈ ရက်နေ့က Kpay လာလဲတဲ့ လင်မယားကို သေနတ်နဲ့ပစ်ပြီး ပိုက်ဆံလု
သေးတယ် တဦးသေတယ် တဦးဒဏ်ရာရတယ်”လို့ ပြောပါတယ်။
 
အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းနဲ့ အင်းစိန်ခုံးတံတားအဆင်းမှာလည်း ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက Kpay လာလဲတဲ့ လင်မယားနှစ်ဦးကို သေနတ်နဲ့ပစ်ခတ်ကာသိန်း ၁၂၀၀ လုယူမှုဖြစ်ပွားခဲ့ပါသေးတယ်။
 
ပြီးခဲတဲ့လပိုင်းအတွင်းကလည်း ရန်ကုန်က မြို့နယ်အချိူ့မှာ Kpay ငွေလဲရန်ခေါ်ယူပြီး လုယက်ခံရမှုတွေဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #နှစ်ရက်အတွင်းလုယက်မှု #နှစ်ကြိမ်ဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW