၀ါရှင်တန်၊ ဒီဇင်ဘာ-၃-၂၀၂၁ မျိုးဆက်(VOM) သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေအကြား ဝါရှင်တန်မှာ လာမယ့်ဇန်နဝါရီလအတွင်း မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ အမေရိကန်က စီစဉ်နေကြောင်း အာဆီယံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒေသတွင်းမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကြီးထွားနေစဉ်မှာ အမေရိကန်ဟာ သူ့ရဲ့ကတိက၀တ်တွေကို အလေးပေးလုပ်ဆောင်နေပြီး ဒါဟာ အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒင်တာ၀န်ယူပြီးနောက် အာဆီယံခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးဖို့ စီစဉ်တာဖြစ်ပါတယ်။ အမေရိကန်ဟာ သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဇန်နဝါရီလ တတိယပတ်မှာပြုလုပ်ဖို့ အဆိုပြုထားပြီး အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ နေရက်ကို ညှိနှိုင်းနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲမတိုင်မီ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ အင်ဒိုနီးရှား၊ ထိုင်း အပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံအချို့ကို ဒီဇင်ဘာလအတွင်း လာရောက်မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမယ့် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ မြန်မာ နစက ဥက္ကဌကိုတော့ ဖိတ်ကြားဖွယ်မရှိဘူးလို့ သတင်းရင်းမြစ်တွေက…
Read MoreYear: 2021
ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်သုံးစွဲခ စျေးတက်မယ်လို့ ဆက်သွယ်ရေးကုမ္မဏီတွေက သုံးစွဲသူတွေဆီ စာပို့
ရန်ကုန်၊ဒီဇင်ဘာ ၃၊၂၀၂၁ KK(VOM) ဖုန်းခေါ်ဆိုမှုနဲ့အင်တာနက်သုံးစွဲခတွေ ပြောင်းလဲသတ်မှတ်သွားမယ်လို့ ဒီကနေ့မှာ ဖုန်းသုံးစွဲသူတွေဆီကို ဆက်သွယ်ရေးကုမ္မဏီတွေကနေ မက်ဆေ့ပေးပို့ အကြောင်းကြားလာပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် သုံးစွဲခတွေကို အူရီဒူးကတော့ ပြောင်းလဲမယ့်ရက်ကို မကြေညာသေးပေမယ့် တယ်လီနောကတော့ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး ပြောင်းလဲသွားမယ်ကြေညာထားပါတယ်။ ဒီကနေ့ညပိုင်းမှာလည်း မြန်မာ့ဆက်သွယ်ရေးကပိုင်ဆိုင်တဲ့ အမ်ပီတီကလည်း ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနရဲ့ ညွန်ကြားချကအရ ဖုန်းခေါ်ဆိုမှုနဲ့အင်တာနက်သုံးစွဲခတွေကို မကြာခင်ပြောင်းလဲသွားမှာဖြစ်တယ်လို့ သုံးစွဲသူတွေဆီ စာတိုပေးပို့ခဲ့ပါတယ်။ MPT သုံးစွဲသူတစ်ဦးက “အူရီဒူးနဲ့ တယ်လီနောပဲ စျေးတက်မယ်ထင်တာ အမ်ပီတီကပါ အခုပဲ စာပို့လာတယ် ပြောင်းလဲတော့မယ်ဆိုပြီး ဘယ်တော့ပြောင်းမလဲတော့ မသိဘူး”လို့ပြောပါတယ်။ ဆက်သွယ်ရေးကုမ္မဏီတွေဖြစ်တဲ့ အူရီဒူး ဆားဗစ်စင်တွေကို ဆက်သွယ်ရာမှာတော့ “ဖုန်းခေါ်တာ နဲ့ အင်တာနက်သုံးစွဲခတွေ စျေးတက်မှာဟုတ်တယ် ဘယ်တော့တက်မလဲဆိုတာတော့ မသိဘူးလို့”ပြောပါတယ်။…
Read Moreဘာလျှော့မလဲ
ကာတွန်းမိုးသွင် #voieofmyanmar #VOM #ဖုန်းသုံးစွဲခ #ကာတွန်းမိုးသွင်
Read Moreခန္တီးနဲ့ နာဂတောင်ကြော ဓါတ်ဆီပြတ်လုနီးပါးဖြစ်နေ
ဒီဇင်ဘာ၄-၂၀၂၁ Voice Of Myanmar ချင်းတွင်းမြစ်အတွင်း ကနီနဲ့ မင်းကင်းကြားတိုက်ပွဲတွေ မကြာခဏ ဖြစ်နေလို့ ခန္တီးမြို့နဲ့ နာဂတောင်တန်းတကြော ဓါတ်ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရနယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်ခန္တီးမြို့မှာ ချင်းတွင်းမြစ်ကြောင်း တိုက်ပွဲတွေကြောင့် မော်တော်တွေ သွားလာ စုန်ဆန်လို့မရဘဲ ပိတ်မိနေလို့ ခန္တီးမြို့အတွင်းမှာ ဓါတ်ဆီတွေပြတ်လပ်မှု့ဖြစ်ပေါ်နေပြီး ကုန်စျေးနှုန်းတချို့ပါစျေးတက်ကုန်ပါတယ် ။ ခန္တီးက ဒေသခံ ကုန်သည်တယောက် ပြောပြတာက ” ဒီဇယ်ပြတ်လပ်တာမရှိဘူး ဓါတ်ဆီသာပြတ်လပ်သွားတာ၊ အခြေခံပြည်သူတွေအတွက် ဆိုင်ကယ်နဲ့ သွားလာမှု့ကအတော်ခက်ခဲသွားတယ် အချို့ဓါတ်ဆီဆိုင်လေးတွေကတော့ တဗူးစ နှစ်ဗူးစ ရှိနေပေမယ့် တဂါလံ တသောင်းချိုးနဲ့ ပေးဝယ်ရပြီး လိုသလောက်မရဘူး” လို့ပြောပါတယ်။ ကားသမားတစ်ဦးကလည်း ” ခန္တီးမြို့က စားသောက်ကုန် အားကိုးနေရတဲ့ နာဂတောင်တန်းဘက်က ပြည်သူတွေပါစားဝတ်နေရေနဲ့ သွားလာရေးအတော်ခက်ခဲသွားနိုင်တယ်၊…
Read Moreကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နစကနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာရောက်ဖို့ ဖိတ်ကြား
ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၊ ၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံ နစကက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာမယ့်သီတင်းပတ်မှာ ကမ္ဘောဒီးယားသို့ ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လာမည့်လမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ဥက္ကဋ္ဌတာဝန်ယူမည့် ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ မငြိမ်မသက်ဖြစ်မှုတွေ အဆုံးသတ်ရေးအားထုတ်မှုတွေတိုးတက်မှုရရှိစေဖို့ သံတမန်ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်နေပုံရပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ မျှော်မှန်းထားပေမယ့်လည်း လျင်မြန်စွာပျံ့နှံ့နေသော Omicron ကိုရိုနာဗိုင်းရပ်မျိုးကွဲအတွက် စိုးရိမ်မှုတွေကြောင့် ခရီးသွားလာမှုကန့်သတ်ချက်တွေရှိမယ်ဆိုရင် သူ့ရဲ့ခရီးစဥ်အပေါ် ထိခိုက်လာနိုင်ပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး သံတမန်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ခဲ့ပေမယ့် သူ့ရဲ့မြန်မာနိုင်ငံခရီးစဥ် ဖြစ်ပေါ်ခဲ့ခြင်းမရှိပါဘူး။ ဘုံသဘောတူညီချက်တွေကို မြန်မာဘက်ကအကောင်အထည်ဖော်မှာအားနည်းတယ်ဆိုကာ အောက်တိုဘာကစပြီး ဆာဆီယံနဲ့ဆက်စပ်တဲ့ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာထိပ်တန်းတာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ပါဘူး။…
Read MoreOmicron ကိုဗစ်မျိုးကွဲ ကူးစက်မလာစေဖို့ သတိပြုပါ
သွေး (စစ်ကိုင်း) ကမ္ဘာတဝှမ်း လူသားတွေရဲ့ လူနေမှုဘဝနဲ့ စီးပွားရေးတွေကို ထိခိုက်စေခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါပိုးဟာ မျိုးကွဲအမျိုးမျိုးနဲ့ အသွင်ပြောင်းပြီး ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ရှိလာရတဲ့ မျိုးကွဲကိုတော့ Omicron လို့ အမည်ပေးထားတဲ့ မျိုးကွဲပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ဒီမျိုးကွဲဟာ အရင်တွေ့ရှိထားတဲ့ ကိုဗစ်မျိုးကွဲတွေထက် ကူးစက်နိုင်မှု ပိုမိုမြန်ဆန်, မြင့်မားတာကြောင့် နိုင်ငံတွေ အနေနဲ့ ပြင်ဆင်သင့်တာ ပြင်ဆင်ထားကြဖို့ သတိပေးထား ပါတယ်။ ကိုဗစ် တတိယလှိုင်း ဖြစ်ပွားခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ အများအပြား ရှိခဲ့ရုံသာမက သေဆုံးမှုတွေလည်း များပြားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Omicron မျိုးကွဲ ကူးစက်ခံရမှု မရှိအောင် တစ်ဦးချင်းစီ, တစ်ယောက်ချင်းစီက ကြိုတင်ကာကွယ်ကြဖို့ အထူးလိုအပ်နေပါတယ်။ ကိုဗစ်အသွင်ပြောင်းကူးစက်မျိုးကွဲဖြစ်တဲ့ B.1.1.529 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Omicron လို့…
Read Moreဆောင်းဦးပေါက်
ဆူးငှက် (က) မကြာမီ် ဆောင်းက ညာသံပေး ဝင်လာတော့မည်။ စာအုပ်တွေထဲကဆောင်းကာလကိုတော့ ဤသို့မှတ်သားဖူးသည်။ ၁၉၄၂ ခုမေလ ၁ ရက်မှ၊ ၁၉၄၅ ခုမတ်လ ၂၀ ရက်နေ့အထိ မန္တလေးကို ဂျပန်ကသိမ်းပိုက်ပြီး အဝင်မှာရော အထွက်မှာပါ စစ်မြေတလင်းဖြစ်ခဲ့သည်။ မန္တလေးမှာ ရွှေနန်းတော်ကြီးမှအစ မြို့၏ နေရာအတော်များများ ပြာပုံဘဝရောက်ခဲ့ရသည်။ စစ်ကြီးကြောင့် မန္တလေး၏ ရုပ်ဝတ္တုပစ္စည်းအများအပြားပျက်စီးရသည့်အပြင် မန္တလေးသူ မန္တလေးသားများ၏ စိတ်ဓာတ်များလည်း ပြိုလဲပျက်စီးခဲ့ရသည်။ အထူးသဖြင့် လူငယ်များ၏ စိတ်ဓာတ်ပျက်ပြားမှုကအဆိုးရွားဆုံးဖြစ်၏။ မီးလောင်ပြင် စစ်တလင်းမှာ အိုးအိမ်များကို ဖြစ်သလို ကုပ်ကပ်နေထိုင်ကြရပြီး ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ ကြံ့ခိုင်ရေးများကို လျစ်လျူရှုပြီး အင်္ဂလိပ်စစ်တပ်က အမွေပေးခဲ့သော အရက်ဘီယာနှင့် အပျော်အပါးလိုက်စားမှုများဖြင့်သာ ဒုစရိုက်မျိုးစုံနောက် ရေစုန်မျောပါခဲ့သည့် လူငယ်များချည်းဖြစ်နေတော့၏။ မီးလောင်သွင်ပြား အတွန့်အလိန်များဖြင့် ရရာသစ်သားတိုစများတိုင်ထူပြီး ရွှံ့ထဲဗွက်ထဲ ရောဂါဘယဘေးအမျိုးမျိုးဖြင့် နေထိုင်ရသော်လည်း ညနေစောင်းသည်နှင့် ရုံတော်ကြီးရှိဟိုတယ်များ၊…
Read Moreတရုတ်ကိုတင်ပို့မယ့် မြန်မာကြက်သွန်နီတွေ ပိတ်မိနေလို့ မြန်မာငွေ သိန်း ၆ ထောင်ကျော် ဆုံးရှုံးနေ
ဒီဇင်ဘာ ၂-၂၀၂၁ Shy V (VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး ဇုံ ၁ ခု ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုန် နယ်စပ်ဂိုဒေါင်တွေမှာ တရုတ်နိုင်ငံကိုတင်ပို့မယ့် မြန်မာ့ကြက်သွန်နီတွေ ပိတ်မိပျက်စီးကုန်လို့ မြန်မာငွေ သိန်း ၆ ထောင်ကျော် ဆုံးရှုံးနေတယ်လို့ မြန်မာကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။ “၁၇ တန်ပါတဲ့ကား အစီး ၁၆၀ ကျော်လောက် ပျက်စီးသွားတာ။ ၁ တန်ကို ၁ သိန်း ၈ သောင်း ဝယ်ရတာကို ဂိုဒေါင်တွေမှာ ချပြီးတော့ အချိန်မှီ မပို့နိုင်ဘဲ ပိတ်မိနေလို့ အပင်တွေပေါက်ပြီး ပျက်စီးသွားတာ။ ကားခနဲ့ဆိုရင် ၁ စီးကို သိန်း ၄၀ ကျော် ကုန်ကျတယ်။ ဂိုဒေါင်ခ မပါသေးဘူး၊ မကြာခဏ လှူဒါန်းပေးပေမယ့် အပင် ပေါက်သွားတာတွေနဲ့ ပုပ်ပြီး ပျက်စီးသွားတာတွေရော…
Read Moreရန်ကုန်ရှိ မြို့နယ်အချို့က ကားလမ်းဘေး ကျူးကျော်ဆိုင်တွေကို ဖျက်သိမ်း
ရန်ကုန်၊ဒီဇင်ဘာ ၂-၂၀၂၁ KK(VOM) ရန်ကုန်အတွင်းရှိ မြို့နယ်အချို့က စည်ပင်သာယာနယ်နမိတ်အတွင်းမှာရှိနေတဲ့ ကားလမ်းဘေးတလျှောက် ကျူးကျော်ဆိုင်တွေကို မနေ့ဒီဇင်ဘာ ၁ ရက်မှစတင်ကာ စတင်ဖျက်သိမ်းမှုတွေပြုလုပ်နေတယ်လို့ ဖျက်သိမ်းခံရတဲ့မြို့နယ်တွေဆီက သိရပါတယ်။ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းဆုံက ဆိုင်ရှင်တစ်ဦးက “မနေ့ကပဲ စဖျက်တာပါ အကုန်ဖျက်တာ စစ်တပ်ရော ရဲရော အင်အားမနည်းဘူး၊ မဖျက်လို့မရဘူး အကုန်လုံးကို စောင့်ကြည့်နေတာ”လို့ ပြောပါတယ်။ မြောက်ဥက္ကလာမြို့နယ်အတွင်းရှိ ကားလမ်းကြီးရဲ့လမ်းဘေးဝဲယာမှာရှိနေတဲ့ ဆိုင်တွေကို နိုဝင်ဘာ ၁၉ ရက်က စတင်ပြီး ၁၄ ရက်အတွင်းဖျက်သိမ်းပေးဖို့ မြို့နယ်ထွေ/အုပ်က စာထုတ်ပြန်ခဲ့ပြီး ဆိုင်ရှင်တွေက သိရှိ ကြောင်း လက်မှတ်ထိုးပေးရတယ်လို့ ရွှေပေါက်ကံက ဆိုင်ရှင်တဦးက ပြောပါတယ်။ “ကိုယ့်ဘာသာကိုယ်ဖျက်မလား သူတို့ဖျက်ရင်တော့ဖျက်ခဆိုပြီးပေးရတယ် ဒီနေ့နောက်ဆုံးဖျက်ပေးရတာ၊ လမ်းဘေးကဆိုင်တွေအကုန်လုံးပဲ “လို့ သူကပြောပါတယ်။ တောင်ဒဂုံမြို့နယ်မှာတော့ စစ်တပ်၊ရဲတွေနဲ့…
Read Moreမန္တလေး – မုံရွာကားလမ်းမှာ မိုင်းပေါက်ကွဲပြီး ကုန်တင်တွဲကား ၁ စင်း ပျက်စီး ၊ လူ ၂ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၊ ၂ -၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မန္တလေး – မုံရွာ အဝေးပြေးကားလမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲမှုတရပ်ဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုကြောင့် ကုန်တင်တွဲကား ၁ စီး ပျက်စီးကာ ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာနေသူ၂ ယောက်လည်း မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့လိုက်တဲ့ မုံရွာမြို့ခံတွေက ပြောပါတယ်။ မျက်မြင်တွေ့လိုက်ရတဲ့ မုံရွာမြို့ခံတယောက်က ” ကျွန်တော့် ကားရှေ့မှာတင် ဖြစ်သွားတာပါ ၊ ကျွန်တော်က မုံရွာဘက်ကနေ ချောင်းဦးဘက်ကိုအသွား မျက်နှာချင်းဆိုင် ယာဥ်ကြောဘက်မှာ ပေါက်ကွဲတာဖြစ်တယ် ၊ ၂၂ ဘီးကုန်တင်ကား ၁ စီးက ဘီးအလုံး ၂၀ ကွဲထွက်သွားတာ ၊ အဲ့ဒီနားကို ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ် ၂ စီး ၊ လူ ၂…
Read More