ကာတွန်း -မိုးသွင် #voiceofmyanmar #VOM #အိုမီခရွန် #ကာတွန်းမိုးသွင်
Read MoreYear: 2021
ကူးစက်မှုနှုန်းအလွန်မြင့်မားတဲ့ အိုမီခရွန် ဗိုင်းရပ်စ်သစ်တွေ့ရှိကြောင်း WHO ကြေညာ
ဂျီနီဗာ၊ နို၀င်ဘာ-၂၇-၂၀၂၁ မျိုးဆက်(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ထပ်မံတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို အိုမီခရွန်လို့ အမည်ပေးလိုက်ပြီး စိုးရိမ်ပူပန်စရာကောင်းတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီဗိုင်းရပ်စ်ဟာ အကြိမ်ကြိမ်သန္ဓေပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပြီး အစောပိုင်းသက်သေ အထောက်အထားတွေအရ ကူးစက်နိုင်ခြေအလွန်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တောင်အာဖရိကမှာ နို၀င်ဘာ ၂၄ ရက်က စတင်တွေ့ရှိခဲ့ပြီး ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်နှင့် အစ္စရေးတို့မှာလည်း တွေ့ရှိနေပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ ကူးစက်နိုင်ခြေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက လေ့လာမှုများပြုလုပ်နေကာ ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကိုသိရှိနိုင်ဖို့ အချိန်သီတင်းပတ်အနည်းငယ်ယူရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ရှိမှုကြောင့် ကမ္ဘာ့နိုင်ငံအတော်များများဟာ တောင်အာဖရိကသို့ ခရီးသွားခြင်း သို့မဟုတ် တောင်အာဖရိကမှ ခရီးသွားတွေလာရောက်ခြင်းကို တားမြစ်ဖို့ လက်ရှိမှာ ဆုံးဖြတ်ထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…
Read Moreယင်းမာပင်မှာ လူနာသွားခေါ်တဲ့ သန္ဓေမီးသတ်(၃)ဦး နဲ့ လူနာတင်ကားပါ ပျောက်ဆုံးနေ
နိုဝင်ဘာ ၊ ၂၇ -၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့ ၊ ခရိုင်မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ဟာ ၃ ဦးဟာ မနေ့ နိုဝင်ဘာ ၂၆ နေ့လယ်ပိုင်းက ဆေးကုသဖို့လူနာကို သွားရောက်ခေါ်ဆောင်ရာက လူရော၊ကားပါ ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေတဲ့ မီးသတ် ၃ ယောက် ပျောက်နေတာနဲ့ပတ်သက်လို့ ယင်းမာပင်နယ်ခံ ပရဟိတသမားတယောက်က ” လာပို့ရွာက ခြေတောက် အရိုးအက်လူနာကို ယင်းမာပင်မှာ ဆေးကုသဖို့ သွားခေါ်တဲ့ လမ်းကြောင်းမှာ လူရော ကားပါ ပျောက်နေတာ “လို့ ပြောပါတယ်။ ဒါ့အပြင် ယင်းမာပင် မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူ တယောက်က ” မီးသတ်ကားနဲ့ မဟုတ်ဘူး ၊ ကယ်ဆယ်ရေးကား…
Read Moreချွတ်ရမှာလား တပ်ရမှာလား
ကာတွန်း-မိုးသွင် #voiceofmyanmar #VOM #ကိုဗစ် #ကာတွန်းမိုးသွင်
Read Moreမိုင်းစထိတဲ့ ချောင်းဦး မြို့နယ်ရဲတပ်ဖွဲ့မှူး သေဆုံးပြီး နောက်ထပ် မိုင်းပေါက်ကွဲလို့ ရဲ ၃ ဦး ဒဏ်ရာရ
နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမှူး ၁ ဦးဟာ မိုင်းစထိမှန် ဒဏ်ရာရပြီးနောက် မနေ့ နိုဝင်ဘာ ၂၆ ရက် နေ့ခင်း ၁ နာရီကျော်အချိန်က နမခ စစ်ဆေးရုံမှာ သေဆုံးသွားခဲ့ပြီး မနေ့ မနက်ပိုင်းက နောက်ထပ် မိုင်းပေါက်ကွဲတဲ့အတွက် ရဲ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးနယ်ခံတွေက ပြောပါတယ်။ ” မြို့နယ်ရဲမှူးဖြစ်တဲ့ ရဲမှူး ဝင်းအောင်ဟာ မိုင်းစထိမှန် ဒဏ်ရာနဲ့ မနေ့က နမခ စစ်ဆေးရုံမှာ ဆုံးခဲ့တယ် ၊ အခုလ ၁၀ ရက် မနက်ပိုင်းက အသက်မဲ့ လုပ်ထားတဲ့ ရှင်းလင်းပြီးသား…
Read Moreဘဏ်နဲ့အကြွေး
ကာတွန်း-မိုးသွင် #voiceofmyanmar #VOM #ကာတွန်းမိုးသွင် #ဘဏ်နဲ့အကြွေး
Read Moreယူကရိန်းမှာ အာဏာသိမ်းဖို့ကြံစည်နေ
ကိဗ်ယက်၊ နိုဝင်ဘာ ၂၆-၂၀၂၁ မျိုးဆက်(VOM) လာမယ့်ရက်အနည်းငယ်အတွင်း ယူကရိန်းအစိုးရကိုဖြုတ်ချဖို့ ရုရှားကျောထောက်နောက်ခံပြုတဲ့ ကြံစည်မှုရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်အတွင်း ယူကရိန်းမှာ အာဏာသိမ်းမယ့် သတင်းအချက်အလက်တွေကို တာဝန်ရှိသူတွေက ရရှိထားတယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတက ပြောပါတယ်။ ဒီလို ရုရှားကျောထောက်နောက်ခံပြုပြီး အာဏာသိမ်းမယ်ကိစ္စကို ဆွေးနွေးနေတဲ့အသံမှတ်တမ်းတွေ ရရှိထားတယ်လို့ သူကဆိုပါတယ်။ ဒီလိုကြံစည်မှုနဲ့ပတ်သက်ပြီး အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ သမ္မတက ပြောဆိုထားပြီး ဒါဟာ ရုရှားနဲ့လက်ရှိစစ်ရေးတင်းမာမှုထက် ပိုပြီး အန္တရယ်များတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဒီလိုကြံစည်မှုမျိုးတွေမှာ ရုရှားအနေနဲ့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူးလို့ ရုရုားအစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Ref: RT Photo: Reuters #voiceofmyanmar #VOM #ကိဗ်ယက်
Read Moreရမည်းသင်းမြို့က မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ ဓားပြတိုက်ခံရ
ရန်ကုန်၊နိုဝင်ဘာ ၂၆၊၂၀၂၁ KK(VOM) ရမည်းသင်းမြို့နယ် ဝါတိုရပ်ကွက် လမ်းမတော်လမ်းက မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ် ပွားခဲ့ပြီး သိန်းထောင်ချီပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဝါတိုရပ်ကွက်နေသူတစ်ဦးကတော့ “နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ်တာ ရဲတွေရော စစ်တပ်ရော အများကြီးပဲ သိန်းတစ်ထောင်ကျော်လောက် ပါသွားတယ်လို့ကြားတယ် “လို့ ပြောပါတယ်။ ရမည်သင်းမြို့နယ်က မြန်မာ့ရှေဆောင်ဘဏ်ခွဲအတွင်း မှာ သေနတ်ကိုင်ဆောင်ထားသူ နှစ်ဦးက ဝန်ထမ်းများကို သေနတ်နဲ့ချိန်ကာ ငွေကြေးများကို ယူဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ဓားပြတိုက်ခံရမှုဖြစ်စဥ်နဲ့ပါတ်သတ်ပြီး VOM သတင်းဌာနအနေနဲ့ ရမည်းသင်းမြို့နယ် မြန်မာ့ရှေဆောင်ဘဏ်ခွဲကို ဖုန်းနဲ့ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ရမည်းသင်းမြို့အဝင်အထွက်နဲ့ ဘဏ်နဲ့နီးရာရပ်ကွက်နဲ့လမ်းဆုံတွေက ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅…
Read Moreရုရှားကျောက်မီးသွေးတွင်း မီးလောင်မှု လူ ၅၂ ဦးသေဆုံး၊ ၄၀ကျော်ဒဏ်ရာရ
မော်စကို၊ နို၀င်ဘာ-၂၆-၂၀၂၁ မျိုးဆက်(VOM) ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်းမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၂ ဦးထိမြင့်တက်လာပြီး ဒါဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး သတ္တုတွင်းမတော်တဆမှုတစ်ခုဖြစ်ပါတယ်။ အဲဒီမတော်တဆမှုဟာ ကျောက်မီးသွေးတွင်းလေ၀င်လေထွက်ပေါက်ရှိ ကျောက်မီးသွေးအမှုန်တွေ မီးလောင်ရာမှ စတင်ဖြစ်ပွားခဲ့တာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားပြီး ညပိုင်းအချိန်ရောက်တဲ့အခါမှာတော့ ပျောက်ဆုံးနေတဲ့ အလုပ်သမားဒါဇင်များစွာနဲ့ ကယ်ဆယ်ရေးသမားတွေအကြား အဆက်သွယ်ပြတ်သွားပြီးနောက် အလုပ်သမားတွေဟာ အသက်ရှူကြပ်ကာ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၄၉ ဦးကိုဆေးရုံတင်ထားရပြီး အချို့ကတော့မီးခိုးဆိပ်သင့်ခဲ့ကာသူတို့ထဲက လေးဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအမံတွေ ပျက်ကွက်တယ်ဆိုပြီး သတ္တုတွင်း ညွှန်ကြားရေးမှူးအပါအ၀င် လူသုံးဦးကို ဖမ်းဆီးထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…
Read Moreတောင်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုး ထပ်မံတွေ့ရှိကြောင်း အတည်ပြု
ကိပ်တောင်း၊ နို၀င်ဘာ-၂၆-၂၀၂၁ မျိုးဆက်(VOM) တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုးကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး တာ၀န်ရှိသူတွေက နို၀င်ဘာ ၂၅ ရက်မျာအတည်ပြုပြောဆိုလိုက်ပြီး လက်ရှိကာကွယ်ဆေးတွေဟာ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကို တိုက်ဖျက်ဖို့ထိရောက်မှုအပေါ် စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကို မြို့တော်ပရီတိုရီးယားနဲ့ဂျိုဟန်နက်စ်ဘတ်တို့တည်ရှိရာ ဂေါ့တန်ပြည်နယ်မှာ တွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူ ၇၇ ဦးရှိနေပြီး ကူးစက်မှုနှုန်းလျှင်မြန်စွာ မြင့်တက်လာကြောင်းနဲ့် ဂေါ့တန်ပြည်နယ်ပြင်ပမှာလည်း ကူးစက်လာနိုင်တယ်လို့ သူတို့ကပြောပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲသစ်နဲ့ပတ်သက်၍ ရှင်းလင်းစွာမသိရသေးကြောင်း၊ သုတေသီတွေကတော့ ကုထုံးတွေနဲ့ ကာကွယ်ဆေးများအတွက် ဗိုင်းရပ်စ်ရဲ မျိုးရိုးဗီဇပြောင်းလဲမှုကို လေ့လာနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်-၁၉ ရောဂါ နည်းပညာဆိုင်ရာအကြီးအကဲကပြောပါတယ်။ တွေ့ရှိထားတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ လေ့လာရမယ့် မျိုးကွဲသို့မဟုတ် စိုးရိမ်ပူပန်ရမယ့်မျိုးကွဲသစ်အဖြစ် သတ်မှတ်ဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ Ref: NHK…
Read More