တန့်ဆည်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမိသားစု ၂ စု ပစ်သတ်ခံရလို့ လူ ၄ ယောက်သေ

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ မိသားစု ၂ စုဟာ မနေ့ စက်တင်ဘာ ၂၂ ရက် ည ၉ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် လူ ၄ ယောက်သေဆုံးသွားတယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” အသတ်ခံရတာက ရဲမိသားစု ၁ စု မဟုတ်ဘူး ၊ ၂ စု ဖြစ်တယ် ၊ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒုတပ်ကြပ် ရဲမေ တစ်ယောက်ရဲ့ မိဘ ၂ ပါးဖြစ်တဲ့ ဦးရဲမြင့် အသက် ၅၇ နှစ်နဲ့ ဒေါ်စန်းနိုင် အသက် ၅၇…

Read More

ကောလင်းနယ်မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦးနဲ့ ရွေးကောက်ပွဲ မဲရုံစောင့် ရဲ ၁ ဦး သေဆုံး

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းကျေးရွာမှာ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ ၂ ဦး နဲ့ ရွေကောက်ပွဲ မဲရုံစောင့် အထူးရဲ ၁ ဦး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးရဲ့ မိန်းမဖြစ်သူလည်း ကျည်ဆံထိတဲ့အတွက် ဒဏ်ရာရခဲ့တယ်လို့ ကောလင်းနယ်ခံတွေက ပြောပြလို့ သိရပါတယ်။   ” ဆိုင်ကယ် ၈ စီးနဲ့ သေနတ်ကိုင် လူ ၁၅ ယောက်ဟာ ရွာထဲကိုဝင်လာပြီး အုပ်ချုပ်ရေးမှူးအိမ်ကို အရင်ဝင်ပစ်တာ ၊ အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦးက နေရာမှာတင် သေသွားတယ် ၊ သူ့မိန်းမက တင်ပါးဆုံနေရာထိမှန်ပြီး ထွက်ပြေးလာနိုင်တဲ့အတွက် ဒဏ်ရာပဲရခဲ့တာ.” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ် ။…

Read More

ရန်ကုန်က ကမာရွတ်၊ ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သာကေတမြို့နယ်မှာ ဗုံးပေါက်ပစ်ခတ်မှုဖြစ်ပြီးနောက် လူငယ် ၅ ယောက်ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၂၃၊၂၀၂၁ KK(VOM)   ရန်ကုန်မှာ မနေ့ စက်တင်ဘာ ၂၂ရက်က ကမာရွတ်၊ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သာကေတမြို့နယ်တွေမှာ ဗုံး ၈ ကြိမ်ပေါက်ခဲ့ပြီး ၅ဦး ဖမ်းဆီးခံရတယ်လို့ ဗုံးပေါက်ကွဲရာ မြို့နယ်တွေကသိရပါတယ်။   ကမာရွတ်မြို့နယ် အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်နားမှာ မနေ့ည ၇နာရီခွဲက စစ်ကား၁စီးဖြတ်ချိန် ဗုံးပေါက်ခဲ့ပြီး ပစ်ခတ် မှုဖြစ်ကာ အမျိုးသားတယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ ၁ရပ်ကွက်နေသူက ပြောပါတယ်။   “စစ်ကားလာမှ ဗုံးပေါက်လို့ စစ်သားတွေဆင်းပြီး သေနတ်နဲ့ရမ်းသမ်းပြီး လျှောက်ပစ်တယ် အဲ့နားမှာရှိတဲ့သူကို ရိုက်နှက်ဖမ်းဆီး သွားတယ် “လို့ သူကပြောပါတယ်။   ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်၊ ဇေယျာသီရိလမ်းရှိ ရပ်ကွက် အုပ်ချုပ်ရုံးမှူးရုံးမှာလည်း မနေ့မနက် ၁၁နာရီ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာမှာပျက်စီးဆုံးရှုံးရှိပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ရုံးအနီးနေထိုင်သူက ပြောပါတယ်။   ပြီးခဲ့တဲ့ ရက်ပိုင်းကဒေါပုံ မြို့နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့…

Read More

အရာတော်မြို့နယ်ထဲက ကျေးရွာပေါင်း (၁၅) ရွာကို စစ်တပ်က ပြောင်းရွှေ့ခိုင်း

စက်တင်ဘာ ၂၃-၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ကျေးရွာပေါင်း (၁၅) ရွာကို ရွှေ့ပြောင်းပေးဖို့အတွက် စစ်တပ်က လက်ကမ်းစာစောင်တွေဝေသလို အရာတော်မြို့ပေါ်မှာလည်း အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။ ရွှေ့ပြောင်းခိုင်းတဲ့ရွာတွေဟာ ကြွေပုဂံ တောင်ရွာ၊မြောက်ရွာ၊ ကန်ရင်း၊ မလဲသာ၊ နောင်ကြီးအိုင်၊ မကျီးကန်၊ မင်းရွာ၊ ကဲဘာ၊ ဆင်တလည်၊ ညောင်ခြေထောက်၊ ကိုင်းရွာ၊ ထန်းတောကုန်း၊ ဘောင်းကျ၊ ရှောက်ခါး၊ ရဲကျင်း ရွာတို့ဖြစ်ပြီး အဲ့ဒီရွာတွေမှာ လက်နက်ထုတ်လုပ်တာတွေ၊ PDF အဖွဲ့တွေရှိနေတာကြောင့် နိုင်ငံတော်နဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ရွှေ့ပြောင်းခိုင်းတာဖြစ်တယ်လို့ လက်ကမ်းစာစောင်တွေမှာ ရေးသားထားတာဖြစ်ပါတယ်။ ရွှေ့ပြောင်းရမယ့် ရွာတွေအနေနဲ့လည်း တိုင်းအစိုးရအစီအစဉ်နဲ့ သတ်မှတ်ပေးတဲ့နေရာကို ရွှေ့ပြောင်းရမှာဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ‌ဒေသခံရွာသားတွေကတော့ လက်ရှိအခြေအနေအရ စစ်တပ်ကပြောင်းခိုင်းနေသလို ရွှေ့ပြောင်းရမယ်ဆိုရင် မဖြစ်နိုင်သေးကြောင်း ရွှေ့ပြောင်းဖို့သတ်မှတ်ပေးတဲ့နေရာမှာလည်း အရင်လိုနေထိုင်လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူနိုင်တဲ့အတွက် တကမ်းတမ်း မဖြစ်မနေရွှေ့ပြောင်းခိုင်းခဲ့ရင် နီးစပ်ရာလုံခြုံတဲ့အရပ်ကိုပဲ တိမ်းရှောင်ရမှာဖြစ်တယ်လို့…

Read More

မိုးကုတ် လျှပ်စစ်ရုံးမန်နေဂျာ သေနတ်နဲ့ ပစ်သတ်ခံရ

စက်တင်ဘာ ၂၂ -၂၀၂၁ GH (VOM )   မိုးကုတ်မှာ ဒီကနေ့ ၃ နာရီလောက်က လျှပ်စစ်ရုံးတာဝန်ခံမန်နေဂျာကို မီတာဆောင်မယ်ဆိုပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   EPC ရုံးထဲအထိ ဝင်ပြီး သေနတ်နဲ့ ဦးခေါင်းကို ၂ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ် ။   “မီတာ ဆောင်သလိုလို နဲ့ ဝင်ပစ်သွားတာ ၊ ၂ ချက်ဗျ။ဦးခေါင်းကိုမှန် တယ်လို့ပြောတယ်၊ ဆန္ဒပြတုန်း က ညဘက်တွေ လိုက်ဖမ်းဆီးတုန်းကလည်း မီးဖျက်တာတွေ လုပ်တယ်။ epc ဝန်ထမ်းတွေကိုလည်း ဖိအားပေးလို့ သတင်းထွက်ခဲ့တာတွေရှိတယ်။ “လို့ မိုးကုတ်ဒေသခံကပြောပါတယ်။   သေဆုံးသူ EPC လျပ်စစ်ရုံး တာဝန်ခံမန်နေဂျာ ဦးစန်းအေးက မိုးကုတ် EPC ကိုပြောင်းရွှေ့လာတာ မကြာသေးကြောင်းနဲ့ စစ်တပ်ကဗိုလ်ကြီးဟောင်းတယောက်လည်း ဖြစ်တယ်လို့…

Read More

ဘူတာ ကြီးသလော

============== ဆူးငှက် မန္တလေးသားများ ဒေသစွဲကြီးရာတွင် နာမည်ကျော်သည်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်လိုက်ကြသည်မှာလည်း နှစ်ယောက်မရှိ။ ရန်ကုန်က မြန်မာမှုပြာသာဒ်များနှင့် ဘူတာရုံကြီးမှ အားမနာ။ မန္တလေးက ဘူတာကို ဘူတာကြီးဟုခေါ်ကြသည်။ ရန်ကုန်ဘူတာက ကိုယ့်ထက်လည်း အသက်ကြီးသည်။ ကိုယ့်ထက်လည်း ပမာဏကြီးသည်။ ကိုယ့်ထက်လည်း ရထားအဝင်အထွက်ပိုများသည်။ ဒါကိုမှ အားမနာ မန္တလေးသားများက သူတို့ ဘူတာကို တကြီးတည်း ကြီးနေကြ၏။ ဒါကြောင့်လည်း မန္တလေးသားများ၏ ဘူတာကြီး အစွဲအလမ်းကိစ္စကို စာရေးဆရာ သတင်းစာဆရာကြီးတစ်ဦးက ဝေဖန်သော ဆောင်းပါးတစ်ပုဒ်ကို ၁၉၇၀ကျော်ကာလက မန္တလေးထုတ် သတင်းစာ တစ်စောင်တွင် ရေးသားခဲ့ဖူးသည်။ တကယ်တော့ မန္တလေးသားများ ဒေသစွဲခြင်းကိစ္စ၊ ကိုယ့်ငါးချဉ်ကိုယ် ချဉ်ခြင်းကိစ္စများက စွဲသင့်စွဲထိုက် ချဉ်သင့်ချဉ်ထိုက်သော ကိစ္စများဖြစ်သည်။ ထိုကိစ္စများ အကြောင်းမဲ့မဟုတ် သူ့အတ္ထုပ္ပတ် သူ့ဗျုပ္ပတ်နှင့် အခိုင်အမာရှိသည်။ သမိုင်းနှင့် မော်ကွန်းနှင့် ဖြစ်သည်။ ဘူတာကြီးကိစ္စက ဒီလို။…

Read More

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောခွင့်ရဖို့ တာလီဘန်အဖွဲ့ တောင်းဆို

ကဘူး၊ စက်တင်ဘာ-၂၂-၂၀၂၁ မျိုးဆက် (VOM)   အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်များရှေ့မှောက် မိန့်ခွန်းပြောခွင့်ရဖို့အတွက် တာလီဘန်အဖွဲ့က တောင်းဆိုထားပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး တာလီဘန်အဖွဲ့ရဲ့ နိုင်ငံခြားရေး၀န်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ကုလသမဂ္ဂသို့ စာပို့တောင်းဆိုခဲ့တာဖြစ်ပြီး တောင်းဆိုချက်အပေါ် ကုလသမဂ္ဂရှိကော်မတီတစ်ရပ်က ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။   တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်ရဲ့ ကုသလမဂ္ဂသံအမတ်ကြီးအဖြစ် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးရှာဟင်ကို အမည်စာရင်းတင်သွင်းထားပါတယ်။   အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့က လွန်ခဲ့လမှာ ထိန်းချုပ်ခဲ့ပြီး ပြုတ်ကျသွားတဲ့အာဖရန်အစိုးရ အစိုးရမှ သံအမတ်ကြီးဟာ နိုင်ငံကို ကိုယ်စားမပြုတော့ဘူးလို့ပြောဆိုထားပါတယ်။   အာဖဂန်သံအမတ်ကြီးအဖြစ် အမည်စာရင်းတင်သွင်းမှုကို ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီက ဆွေးနွေးစိစစ်သွားမှာဖြစ်ပြီး ကော်မတီမှာ အမေရိကန် ၊ ရုရှားနဲ့ တရုတ်အပါအ၀င် အဖွဲ့၀င် ကိုးနိုင်ငံပါ၀င်ပါတယ်။   Ref : BBC Photo:Global…

Read More

မုံရွာမြို့မှာ ယာဥ်ထိန်းရဲ (၁)ဦး သေနတ်နဲ့ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မဂ်လာရပ်ကွက် ၊ ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းဆုံ၊ ထန်းတောမီးပွိုင့်မှာ လမ်းကြောင်းရှင်းပေးနေတဲ့ ယာဥ်ထိန်းရဲတစ်ဦး ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ထန်းတောရပ်ကွက်ခံတွေဆီက သိရပါတယ်။   ” သေနတ်မှန်တဲ့ ယာဥ်ထိန်းရဲ့ ယူနီဖောင်းအင်္ကျီပေါ်မှာ ရေးထားတဲ့ နံပါတ်က 3132 ဖြစ်တယ် ခေါင်းကို ကျည်ထိတာပါ ၊ အလုံစစ်ဆေးရုံကိုပို့နေတုန်း သေသွားတာ ” လို့ စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။   ယာဥ်ထိန်းရဲဟာ မုံရွာ ယာဥ်ထိန်းတပ်ဖွဲ့စု အမှတ်-၁၁၄ မှာ တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။   ” အရင်ရက်တွေက ယာဥ်ထိန်းတွေ လမ်းကြောင်းပေါ်နဲ့ မီးပွိုင့်တွေမှာ မမြင်ရဘူး ၊ ဒီနေ့မှ မြင်ရလို့မေးကြည့်တဲ့အခါ…

Read More

ဒေါ်နယ်ထရန့်က တူမဖြစ်သူနဲ့ နယူးယောက်တိုင်း သတင်းထောက်တွေကို တရားစွဲပြီ

၀ါရှင်တန်၊ စက်တင်ဘာ-၂၂-၂၀၂၁ မျိုးဆက် (VOM)   အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ သံသယဖြစ်ဖွယ်အခွန်ကိစ္စမှာ သူပါ၀င်ပတ်သက်တယ်ဆိုပြီး နယူးယောက်တိုင်းမ်သတင်းဌာနက ၂၀၁၈ ခုနှစ်မှာ ရေးသားခဲ့တဲ့အပေါ် တူမဖြစ်သူနဲ့ အဲဒီသတင်းဌာနကို တရားစွဲဆိုလိုက်ပါတယ်။   အဲဒီကိစ္စကို နယူးယောက်တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး တူမဖြစ်သူ မယ်ရီထရန့်နဲ့ သတင်းထောက်တွေဟာ လျှို့ဝှက်စာရွက်စာတမ်းတွေကိုရရှိဖို့အတွက် ပူးပေါင်းကြံစည်ခဲ့တာလို့ စွပ်စွဲထားပါတယ်။   ဒေါ်နယ်ထရန့်ဟာ တူမဖြစ်သူရဲ့စာအုပ်မှာဖော်ပြထားတဲ့ သူ့ရဲ့အခွန်ကိစ္စတွေနဲ့ပတ်သက်ပြီး တသတ်မတ်တည်း ငြင်းဆိုခဲ့ပြီး အဲဒီစာအုပ်ထုတ်ဝေခွင့်ကို ပိတ်ပင်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။   စက်တင်ဘာ ၂၁ ရက်မှာတင်သွင်းခဲ့တဲ့ ထရန့်ရဲ့တရားစွဲဆိုမှုမှာတော့ နယူးယောက်တိုင်းမ်သတင်းဌာနက သတင်းထောက်တွေဖြစ်တဲ့ Susanne Craig ၊ David Barstow နဲ့ Russell Buettnerတို့ဟာ သူအပေါ်ကို ပုဂ္ဂိုဟ်ရေးထိခိုက်မှုတွေပြုဖို့အတွက် တူမဖြစ်သူနဲ့ဆက်သွယ်လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။   အဲဒီလိုတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ၁၉၈၁ ခုနှစ် အသက် ၄၂…

Read More

မင်းကင်းနယ်မှာ ပြည်ခိုင်ဖြိုးဝန်းရံသူ ၃ ဦးသတ်ခံရ

စက်တင်ဘာ ၊ ၂၂ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်မြို့နယ် ၊ တောင်တွင်းချောင်ဒေသ၊ ကုန်းမော်ရွာရဲ့အနောက်ဘက် တောတွင်းချောင်းထဲမှာ ပြည်ခိုင်ဖြိုးဝန်းရံသူ လူ ၃ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတာကြောင့်မနေ့ စက်တင်ဘာ ၂၁ ရက်က ရဲနဲ့ စစ်သားတွေ လာရောက်စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။   ” ရုပ်အလောင်း ၃ လောင်းက ၊ စပ်လျင်ချောင်းရွာက ပြည်ခိုင်ဖြိုးဝန်းရံတဲ့ သာမန်တောင်သူတွေဖြစ်ကြတယ် ၊ နာမည်တွေကတော့ ကိုစည်သူ ၃၂ နှစ် ၊ ကိုအဲဝေ ၂၆ နှစ် နဲ့ ကိုစိုးကို ၂၅ နှစ် ဖြစ်တယ် ၊ လည်ပင်းတွေဖြတ်ပြီး ရေထဲမျှောထားတယ် ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။  …

Read More
VOM News

FREE
VIEW