၈၃နှစ်ပြည့် မန္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံ

ဆူးငှက် တကယ်တော့ မန္တလေးအာဇာနည် ၁၇ ဦးကျဆုံးခဲ့ရတဲ့ကိစ္စဟာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး အရှိန်အဟုန်ကောင်းပြီး အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့ ညီညွတ်မှုပြယုဂ်ပါပဲ။ ၁၉၃၈ ခုနှစ်ဝန်းကျင် မြန်မာ့အဖိုးတန် သယံဇာတဖြစ်တဲ့ ရေနံမြေမှာ ရေနံစွမ်းအင်တွေ ဒလဟော ထုတ်ယူနေကြပေမယ့် ရေနံအလုပ်သမားတွေမှာ အလင်းရောင်နဲ့လောင်စာအတွက်ပင် ရေနံမသုံးရလောင်အောင် မတရားအနိုင်ကျင့်ခံနေကြရတာဟာ ဘယ်သူ မခံပြင်းဒေါသမဖြစ်ဘဲနေပါ့မလဲ။ ဒီထက်ဆိုးတာက ဒီလောက်ဖိနှိပ်မှုပြင်းထန်၊ မတရားအနိုင်ကျင့်ခံနေရချိန် အုပ်စိုးသူ အင်္ဂလိပ်အစိုးရအပေါ် ကျရောက်လာမယ့် တစ်ပြည်လုံးက ဒေါသတွေကိုလည်း လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်းတွေနဲ့ လမ်းလွှဲလိုက်တာတွေကလည်း အဖြစ်မှန်သိကြရတဲ့အခါ တက္ကသိုလ်ကျောင်းသား ပညာတတ်များကအစ ပေါက်ကွဲကြတာပါပဲ။ အုပ်စိုးသူ အင်္ဂလိပ်အစိုးရဟာ အခြေခံလုပ်ဆောင်မှု မှားယွင်းတာနဲ့အမျှ ဆက်လက်ပြီး ဆုံးဖြတ်မှု၊ ကိုင်တွယ်မှု၊ဖြေရှင်းမှုတွေ ဆက်တိုက် မှားယွင်းတာပါပဲ။ တပြိုင်နက် အုပ်ချုပ်မှုယန္တယားတွေလည်း ပျက်ယွင်း လွဲချော်လာတယ်။ ဒီရလာဒ်က အရာရာကိုဥပဒေမဲ့ အာဏာနဲ့အကျပ်ကိုင်ခြင်းပါပဲ။ ဒါကြောင့်…

Read More
VOM News

FREE
VIEW