ကိုရီးယားကျွန်းဆွယ်အနီးသို့ ပဲ့ထိန်းဒုံးပျံတစင်း မြောက်ကိုရီးယားပစ်ခတ်

ဆိုးလ်၊ မတ်-၅-၂၀၂၂
မျိုးဆက်(VOM)
 
တောင်ကိုရီးယားရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယား]ာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ပြင်ဆီသို့ ပဲ့ထိန်းဒုံးပျံတစ်စင်းကို မတ် ၅ ရက်မှာ ပစ်လွှတ်ခဲ့ကြောင်း ဒေသတွင်းစစ်ဘက်တာ၀န်ရှိသူတွေကပြောပါတယ်။
 
အဲဒီဒုံးပျံဟာ ပဲ့ထိန်းဒုံးပျံအမျိုးအစားဖြစ်ဖွယ်ရှိကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့နဲ့ ဂျပန်၀န်ကြီးချုပ်ရုံးတို့က ထုတ်ပြန်ထားပါတယ်။
 
ပြုံးယမ်းနိုင်ငံတကာလေဆိပ်ရှိရာ ဆူနန်အနီးမှ မတ် ၅ ရက်မှာ အဲဒီဒုံးပျံကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်ကပြောပါတယ်။ အဲဒီဒေသဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုအပါအ၀င် ယခင်ဒုံးပျံစမ်းသပ်မှုတွေပြုလုပ်ရာနေရာလည်းဖြစ်ပါတယ်။
 
ယခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှုဟာ ကိုးကြိမ်ရှိလာပြီဖြစ်ပြီး ကင်းထောက်ဂြိုဟ်တုအတွက် စနစ်တွေကို စမ်းသပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်မှာ မြောက်ကိုရီးယားက နောက်ဆုံးထုတ်ပြန်ထားပါတယ်။
 
ယူကရိန်းကို ရုရှားကျူးကျော်မှုအား နိုင်ငံတကာအသိုင်းအဝိုင်းက ကိုင်တွယ်ဖြေရှင်းနေချိန်နဲ့ ပေကျင်းမသန်စွမ်း အားကစားပြိုင်ပွဲကျင်းပနေချိန်မှာ ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီး နိုဘူအိုကီရှီကပြောဆိုပါတယ်။
 
Ref: CNA
Photo:AP
#voiceofmyanmar #VOM #ကိုရီးယားကျွန်းဆွယ်အနီးသို့ #ပဲ့ထိန်းဒုံးပျံတစင်း #မြောက်ကိုရီးယားပစ်ခတ်

Related posts

Leave a Comment

VOM News

FREE
VIEW