ယူကရိန်းအရှေ့တောင်ပိုင်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး ရုရှားကြေညာ

မော်စကို၊ မတ်-၅-၂၀၂၂
မျိုးဆက်(VOM)
 
ယူကရိန်းအရှေ့တောင်ပိုင်းရှိ မြို့နှစ်မြို့ဖြစ်တဲ့ မာရီပူးနဲ့ ဗော်နိုဗာခါမြို့မှ အရပ်သားတွေအတွက် မော်စကိုစံတော်ချိန် မတ် ၅ ရက် မနက် ၁၀ နာရီကစပြီး လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်တွေဖွင့်လှစ်ပေးမယ်လို့ ရုရှားဘက်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ယာယီအပစ်အခတ်ရပ်စဲရေးကိုလည်း ကြေညာလိုက်ပါတယ်။
 
ယူကရိန်းဘက်ခြမ်းမြို့တွေကနေ အရပ်သားတွေထွက်ခွာမယ့်လမ်းကြောင်းတွေကို ရုရှားဘက်က သဘောတူထားပေမယ့် ယူကရိန်းဘက်ကအတည်ပြုထားတာမတွေ့ရသေးဘူးလို့ ရုရှားကဆိုပါတယ်။
 
မာရီပူးမြို့ဟာ ယူကရိန်းအဓိက ဆိပ်ကမ်းမြို့ဖြစ်ပြီး ရုရှားတပ်ဖွဲ့၀င်တွေရဲ့ ရက်အတန်ကြာ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရပြီး ဗော်နိုဗာခါမြို့မှာလည်း တိုက်ပွဲတွေပြင်းထန်လျှက်ရှိပါတယ်။
 
အစောပိုင်းမှာတော့ မာရီပူးမြို့တော်၀န်ဟာ ရုရှားတပ်ဖွဲ့၀င်တွေ ပိတ်ဆို့ထားတဲ့ကြားက အရပ်သားတွေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
 
လက်ရှိမှာတော့ ယူကရိန်းအခြားဒေသတွေမှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ်မြို့မှာလည်း ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရပါတယ်။
 
ရုရှားတပ်တွေဝိုင်းခံထားတဲ့ အရှေ့ဘက်ပိုင်းက ဆူမီမှာတော့ ဒေသစံတော်ချိန် မနက် ငါးနာရီကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်ခဲ့တယ်လို့ ယူကရိန်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
 
Ref: BBC
Photo:AP
#voiceofmyanmar #VOM #ယူကရိန်းအရှေ့တောင်ပိုင်းမှာ #ယာယီအပစ်အခတ်ရပ်စဲရေး #ရုရှားကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW