ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်သုံးဦး အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရ

မတ် ၁၁-၂၀၂၂
KK(VOM)
 
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် သုံးဦးကို မနေ့ မတ်လ ၁၀ရက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်တယ်လို့ ရှေ့နေတွေဆီက သိရပါတယ်။
 
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ မဝတ်ရည်အောင်၊ ကိုရဲလင်းဦးနဲ့ ကိုနေထက်လင်းတို့ကို ပုဒ်မ ၅၀၅ – က ဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာလို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
 
“၅၀၅ -က နဲ့ အမိန့်ချတာ ချုပ်ရက်တွေကိုတော့ သက်သာခွင့်ပေးတယ် သူတို့ထဲက နှစ်ယောက်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ထပ်ပြီးအမှုဖွင့်ထားတယ်”လို့ သူကပြောပါတယ်။
 
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်သုံးဦးမှ မဝတ်ရည်အောင်နဲ့ကိုရဲလင်းဦးကို အကြမ်းဖက်တိုက်ဖျကရေးဥပဒေပုဒ်မ ၅၂ နဲ့ထပ်မံအမှုဖွင့်ထားတယ်လို့ အမှုလိုက်ရှေ့နေတွေ ဆီကသိရပါတယ်။
 
အမိန့်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေအပါအဝင် ၆ဦးကို ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလ ၁၄ရက်နေ့ ညပိုင်းက ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
 
ဖမ်းဆီးခံခဲ့ရတဲ့ ခြောက်ဦးထဲမှ ကိုစည်သူအောင်တင်ကို ပြီးခဲ့တဲ့ နှစ်နိုဝင်ဘာလ ၃ရက်နေ့ကပုဒ်မ ၁၂၄ – ခ(ဃ) ၅၀၅ – က နဲ့ ထောင် ၁၀နှစ် ချခဲ့ပြီး မသဉ္ဇာဇော်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၈ရက်နေ့က ပုဒ်မ ၁၂၄ – ခ(က)နဲ့ ထောင် ၁၀နှစ်နဲ့ ဒီဇင်ဘာ ၈ ရက်မှာ ပုဒ်မ ၅၀၅ – က နဲ့ထောင် ၃နှစ် ထပ်မံချမှတ်ခဲ့ပါသေးတယ်။
 
ကိုမြင့်သိန်းနိုင်ကို ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ၂၈ရက်က ပုဒ်မ ၅၀၅ – ကနဲ့ ထောင်၃နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဒဂုံတက္ကသိုလ်သမဂ္ဂ #အဖွဲ့ဝင်သုံးဦး #ထောင်ဒဏ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW