တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု ခြောက်သိန်းကျော်ထိ စံချိန်တင်နေ

ဆိုးလ်၊ မတ်-၁၇-၂၀၂၂
မျိုးဆက်(VOM)
 
တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်တွေကို အဆုံးသတ်ရန်ပြင်ဆင်နေချိန်မှာ နေ့စဉ်ကူးစက်မှုအရေအတွက်ဟာ ၆၂၁၃၂၈ ထိစံချိန်တင်ခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၄၂၉ ဦးရှိကြောင်း အာဏာပိုင်တွေက မတ် ၁၇ ရက်မှာပြောပါတယ်။
 
ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်မားနေတာဖြစ်ကြောင့် တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးအေဂျင်စီက ပြောပါတယ်။
 
လက်ရှိမှာတော့ နေ့စဉ်ကူးစက်မှုနှုန်းဟာ အာဏာပိုင်တွေခန့်မှန်းထားတာထက် ပိုမိုများပြားနေပါတယ်။
 
ဒါပေမယ့် တောင်ကိုရီးယားအစိုးရကတော့ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း လူမှုဆိုင်ရာကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ စီစဉ်နေပြီး လူထုကလည်း ဒီကိစ္စကို ထောက်ခံကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
 
တောင်ကိုရီးယားနိုင်ငံဟာ ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့်ထိုးနှံမှုတွေကြောင့် ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ အကြီးအကျယ်မဖြစ်အောင် ကန့်သတ်နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။
 
လက်ရှိချိန်ထိ နိုင်ငံလူဦးရေ ၅၂ သန်းရဲ့ ၆၃ ရာခိုင်နှုန်းကို ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးထားပြီး ၈၆ ဒသမ ၆ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးထားကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး အေဂျင်စီက ထုတ်ပြန်ထားပါတယ်။
 
Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW