ပူတင်ကို စစ်ရာဇ၀တ်ကောင်အဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ရှုတ်ချ

ဝါရှင်တန်၊ မတ်-၁၇-၂၀၂၂
မျိုးဆက်(VOM)
 
ရုရှားသမ္မတပူတင်ကို စစ်ရာဇ၀တ်ကောင်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပထမဆုံးအကြိမ် ခေါ်ဝေါ်သုံးစွဲပြီး ရှုတ်ချပြောဆိုလိုက်ပါတယ်။
 
မတ် ၁၆ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့မေးမြန်းမှုအပေါ် သမ္မတဂျိုးဘိုင်ဒင်က အခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒီအသုံးအနှုန်းဟာ လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် ခွင့်မလွှတ်နိုင်တဲ့ စကားလုံးတွေဖြစ်တယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က တုံ့ပြန်ပြောဆိုထားပါတယ်။
 
ရုရှားသမ္မတပူတင်အနေဖြင့် စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းရှိမရှိကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက စုံစမ်းမှုတွေပြုလုပ်နေကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျန်ပက်ဆာကီကပြောပါတယ်။
 
ယူကရိန်းကိုပေးအပ်မယ့် အမေရိကန်ရဲ့ကာကွယ်ရေးအကူအညီတွေမှာ လေယာဉ်ပစ်ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ လောင်ချာတွေပါ၀င်ပြီး ယခုသီတင်းပတ်အတွင်း အမေရိကန်ရဲ့အကူအညီဟာ ဒေါ်လာ တစ်ဘီလီယံအထိ တိုးလာတယ်လို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။
 
ဒါ့အပြင် ပိုလန်နဲ့ မော်လ်ဒိုဗာသို့ ယူကရိန်းနိုင်ငံသားသန်းပေါင်းများစွာ ဖြတ်ကျော်၀င်ရောက်မှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပိုမိုပေးအပ်မယ်လို့ သူကကတိပြုထားပြီး အစားအသောက်တွေ၊ ဆေးဝါးတွေနဲ့ အခြားအထောက်အပံ့တွေပေးပို့ဖို့ အမေရိကန်အစိုးရက စီစဉ်နေပါတယ်။
 
Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW