ယူကရိန်းစစ်ပွဲမှာ လေးယောက်မြောက် ရုရှားစစ်ဗိုလ်ချုပ်တဦး သေဆုံးပြန်

ကိယက်ဗ်၊ မတ်-၁၇-၂၀၂၂
မျိုးဆက်(VOM)
 
ယူကရိန်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ရုရှားစစ်ဗိုလ်ချုပ်တစ်ဦး ထပ်မံသေဆုံးသွားတယ်လို့ ယူုကရိကန်သမ္မတ ဇီလန်စကီးကပြောပါတယ်။
 
အဲဒီရုရှားစစ်ဗိုလ်ချုပ်ရဲ့အမည်ကို ယူကရိန်းသမ္မတက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဗိုလ်ချုပ် Oleg Mityaev ဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေး၀န်ကြီးဌာန အကြံပေးတဦးက ထုတ်ဖော်ပြောကြားထားပါတယ်။
 
ရုရှားစစ်ဗိုလ်ချုပ်ဟာ မာရီယူပိုလ်မြို့အနီးတိုက်ပွဲအတွင်း ယူကရိန်းအေဇော့ဗ်တပ်ရင်းရဲ့ သုတ်သင်မှုကို ခံခဲ့ရတယ်လို့ယူကရိန်း သတင်းဌာနတွေက ဆိုပါတယ်။
 
သူဟာ ယူကရိန်းတပ်တွေရဲ့ သုတ်သင်ခြင်းကိုခံရတဲ့ လေးဦးမြောက် ရုရှားစစ်ဗိုလ်ချုပ်လည်းဖြစ်ပါတယ်။
 
လက်ရှိချိန်ထိ ယူကရိန်းမှာပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ ရုရှားဗိုလ်ချုပ်၂၀ ဦးက ဦးဆောင်နေတယ်လို့ လေ့လာသူတွေက ပြောဆိုထားပြီး လက်ရှိအခြေအနေအရ ရုရှားစစ်ဗိုလ်ချုပ် ငါးပုံတပုံဟာ ယူကရိန်းစစ်ပွဲမှာ သေဆုံးခဲ့တဲ့ သဘောဖြစ်ပါတယ်။
 
ယူကရိန်းမှာ ရုရှားထိပ်တန်းတာ၀န်ရှိသူအဆင့်တွေကို ပစ်မှတ်ထားသုတ်သင်ဖို့ ရည်ရွယ်ထားတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ အတွင်းစည်းက တာ၀န်ရှိသူတဦးက ဝေါလ်စရိဂျာနယ်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref: BBC
Photo: TELEGRAM/@PRAVDA_GERASHCHENKO
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW