ခရမ်းချဉ်ဈေးပျက်လို့ ဝက်စာ၊နွားစာအဖြစ် အသုံးပြုနေရတဲ့ တောင်သူများ

မတ် ၂၇-၂၀၂၂
Voice Of Myanmar

လက်ရှိဖြစ်ပေါ်နေတဲ့ တပိဿာ (၁၀၀) ကျပ်ဆိုတဲ့ ခရမ်းချဉ်သီးဈေးနှုန်းဟာ စိုက်ပျိုးတဲ့တောင်သူတွေအတွက် မက်လောက်တဲ့ ဈေးနှုန်းမဖြစ်ခဲ့ပါဘူး။

အခုနှစ် ခရမ်းချဉ်သီးစိုက်ပျိုးချိန်မှာ အဆမတန်မြင့်တက်လာနေတဲ့ ကုန်ကြမ်းဈေးနူန်းတွေကြောင့် တစ်ဧကကို စိုက်ပျိုးစရိတ်(၁၀)သိန်းကျော်အထိ ကုန်ကျတယ်လို့ တောင်သူတွေကပြောပါတယ်၊

ခရမ်းချဉ်စိုက်ပျိုးတဲ့နေရာမှာ စိုက်ပျိုးချိန် (၅)လကျော်အထိ ပြုစုပျိုးထောင်ရပြီး အသီးပေါ်ချိန်မှာ (၂)လဝန်းကျင်အထိသာ ခူးဆွတ်ရတာဖြစ်ပါတယ်။

ခူးဆွတ်တဲ့နေရာမှာ (၂) ရက်ခြား တကြိမ် ခူးဆွတ်ရပြီး တဧကအတွက် တခါခူးရင် ပိဿာချိန် (၃၀၀) ခန့်ထွက်ရှိတယ်လို့လည်း တောင်သူတွေကပြောပါတယ်။

အခုနှစ် ခရမ်းချဉ်အထွက်နှုန်းဟာ အရင်နှစ်တွေထက် အထွက်နှုန်းကောင်းမွန်ပေမယ့် လက်ရှိမှာ တပိဿာကို (၁၀၀) ကျပ်နှုန်းသာ ရောင်းချနေရတာကြောင့် များစွာအရှုံးပေါ်နေပြီး မြို့ပေါ်တက်ရောင်းချတဲ့နေရာမှာ ဆိုင်ကယ်ဆီဖိုးတောင် ပြန်မရတာကြောင့် တချို့တောင်သူတွေဆိုရင် ခရမ်းချဉ်သီးကို ဝက်စာ၊နွားစာအဖြစ် အသုံးပြုနေကြပါတယ်။

ဒါ့ကြောင့် ခရမ်းချဉ်စိုက်တဲ့တောင်သူတွေဟာ ကိုယ့်စိုက်ပျိုးတဲ့သီးနှံက ဈေးကောင်းမရဘဲ ပြန်လည်ဝယ်ယူစားသုံးနေရတဲ့ ကုန်ဈေးနှုန်းတွေက အဆမတန်မြင့်နေတာကြောင့် ရေရှည်မှာဆိုရင် ထမင်းစားရဖို့တောင် မလွယ်တော့အခြေအနေတွေဖြစ်နေတယ်လို့ တောင်သူတွေက ပြောဆိုထားကြပါတယ်။

#voiceofmyanmar #VOM #ခရမ်းချဉ်သီးဈေး #ဈေးကွက်ပျက်

YouTube Link – https://youtu.be/cUT3NnVk4EY

Related posts

VOM News

FREE
VIEW