ဂျပန်စွမ်းအင်ကုမ္ပဏီEneos မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်

တိုကျို၊ မတ်-၂၅-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Eneos Holdings ဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ရေနံနဲ့သဘာ၀ဓါတ်ငွေ့ စီမံကိန်းကနေ ထွက်ခွာဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက မတ် ၂၅ ရက်မှာ ပြောပါတယ်။

မြန်မာနိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲပြီးနောက် အနောက်နိုင်ငံတွေက စွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံက ထွက်ခွာသွားသလို ပြီးခဲ့တဲ့လကလည်း မလေးရှားနိုင်ငံပိုင် Petronas နဲ့ ဂျပန်က Mitsubishi Corp တို့ဟာ စီမံကိန်းတွေကနေ ထွက်ခွာပြီးနောက် Eneos Holdings ကလည်း အလားတူ စီစဉ်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူမှုဆိုင်ရာအခြေအနေတွေ၊ လုပ်ငန်းအလားအလာတွေကိုဖြေရှင်းဖို့အခြေအတွေပေါ်မူတည်ပြီး လုပ်ငန်းပိတ်သိမ်းဖို့ ဖြစ်နိုင်ခြေရှိတဲ့ အစီအမံတွေအားလုံးကို မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးသုံးသပ်နေတယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီးနောက် လူသားချင်းစာနာ ထောက်ထားမှုအခြေအနေ တွေ ပိုမိုဆိုးရွားလာမှုကြောင့် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ စွမ်းအင်စီမံကိန်းတွေကနေ နှုတ်ထွက်တော့မယ်လို့ ပြင်သစ်အခြေစိုက် TotalEnergies ကုမ္ပဏီနဲ့ အမေရိကန် Chevron Corp စွမ်းအင်ကုမ္ပဏီတို့က ဇန်နဝါရီလအတွင်းမှာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံ ရတနာဓါတ်ငွေ့စီမံကိန်းမှ နှုတ်ထွက်ခဲ့တဲ့ ပြင်သစ်ကုမ္ပဏီ TotalEnergies ရဲ့နေရာမှာတော့ ထိုင်းအစိုးရနဲ့ ဆက်နွယ်နေသည့် PTTEP ကုမ္ပဏီက ဇူလိုင်လမှစပြီး လုပ်ငန်းတွေကို လွှဲပြောင်းရယူ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေဟာ မြန်မာ့စွမ်းအင်ကဏ္ဍကနေ နှစ်စဉ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံထိ ရရှိနေပါတယ်။

Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW