မြန်မာနိုင်ငံမှ မြေရှားသတ္တု တရုတ်သို့တင်ပို့မှု ၂၅ ရာခိုင်နှုန်းကျဆင်း

ပေကျင်း၊ မတ်-၂၆-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တတင်သွင်းမှုသည် ပြီးခဲ့တဲ့နှစ်ကထက် ၂၅ ရာခိုင်နှုန်းကျဆင်းသွားကြောင်း တရုတ်မြေရှားသတ္တုကုမ္ပဏီတွေက ပြောပါတယ်။

ဒီလိုကျဆင်းတာဟာ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေပိတ်ထားတာကြောင့်ဖြစ်ပြီး မြေရှားသတ္တုကုန်ကြမ်း ထောက်ပံ့မှုအပေါ် အကြီးအကျယ်ထိခိုက်ခဲ့တယ်လို့ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုတင်ပို့မှုရဲ့ ထက်၀က်ရှိပြီး တရုတ်နိုင်ငံဟာ မြေရှားသတ္တုထုတ်ကုန်တွေ တင်ပို့ရောင်းချရာမှာတော့ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပါတယ်။

မကြာသေးမီရက်တွေအတွင်းက မြေရှားသတ္တုစျေးနှုန်း အနည်းငယ်ကျဆင်းသွားပေမယ့် အီလက်ထရောနစ်ပစ္စည်းတွေ၊ မော်တော်ယာဉ်တွေနဲ့ လက်နက်တွေ ထုတ်လုပ်မှုအပါအ၀င် အခြားသောကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်တွေမှာ အသုံးပြုနေတာကြောင့် မြေရှားသတ္တုဟာ ရေရှည်မှာတော့ စျေးမြင့်လာဖွယ်ရှိနေပါတယ်။

တရုတ်မြေရှားသတ္တုစျေးနှုန်းအညွှန်းကိန်းဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ အမြင့်ဆုံး ၄၃၀ ဒသမ ၉၆ ရှိခဲ့ရာမှ မတ် ၂၅ ရက်မှာတော့ ၃၈၆ ဒသမ ၆၃ ထိကျဆင်းခဲ့ပါတယ်။

မြေရှားသတ္တုတင်ပို့မှု အဓိကလမ်းကြောင်းဖြစ်တဲ့ ယူနန်ပြည်နယ် Diantan မြို့နယ်က ဂိတ်အပါအ၀င် အဓိကနယ်စပ်ဂိတ်တွေ ကတော့ လက်ရှိချိန်ထိ ပိတ်ထားဆဲဖြစ်ပါတယ်။

Ref: Global Times
Photo: VCG
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW