ရွှေဘိုမြို့ပေါ်က လူနေအိမ် ၈ လုံး ချိတ်ပိတ်သိမ်းဆည်းခံရ

မတ် ၊ ၂၆ -၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ပေါ်က လူနေအိမ် ၅ လုံးနဲ့ ရွှေဘိုမြို့နယ် ၊ ဥသျှစ်ကန်ကျေးရွာအုပ်စု ၊ ရန်ကြီးအောင် ကွက်သစ်က နေအိမ် ၃ လုံးတို့ကို မနေ့ မတ်လ ၂၅ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရဆိုကာ သက်ဆိုင်ရာက လာရောက်ချိတ်ပိတ်သိမ်းဆည်းသွားတယ်လို့ ဥသျှစ်ကန်ကျေးရွာခံနဲ့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က ၊ ညနေပိုင်းမှာ ရဲနဲ့စစ်သားတွေအပြင် အရပ်ဝတ်လက်နက်ကိုင် လူတချို့ပါဝင်တဲ့အဖွဲ့က အိမ်နဲ့ အိမ်ဝန်းခြံမြေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းကြောင်း ဗီနိုင်းဆိုင်းဘုတ် လာကပ်တယ် ၊ နောက်ပြီး သော့ခတ် ချိတ်ပိတ်သိမ်းဆည်းသွားတာ “လို့ အိမ်ခြံမြေ သိမ်းဆည်းခံရတဲ့ ရွှေဘိုမြို့ခံတယောက်က ပြောပါတယ်။

မနေ့က ချိတ်ပိတ် သိမ်းဆည်းခံရတဲ့ နေအိမ်တွေကတော့ ရန်ကြီးအောင်ကွက်သစ်၊ဥသျှစ်ကန်ကျေးရွာအုပ်စု၊ ရွှေဘိုမြို့နယ်နေသူပိုင်ဆိုင်သည့် မြေကွက်နှင့် ၁ ထပ်နေအိမ် ၁ လုံး ၊ ရန်ကြီးအောင်ကွက်သစ်၊ ဥသျှစ်ကန်ကျေးရွာ၊ ရွှေဘို မြို့နယ်နေသူပိုင်ဆိုင်သည့် မြေကွက်နှင့် ၁ ထပ်နေအိမ် ၁ လုံး ၊ ရန်ကြီးအောင်ကွက်သစ်၊ ဥသျှစ်ကန်ကျေးရွာ၊ ရွှေဘို မြို့နယ်နေသူပိုင်ဆိုင်သည့် မြေကွက်နှင့် ၁ ထပ်နေအိမ် ၁ လုံး ၊ ရန်ကြီးအောင်ကွက်သစ်၊ ပြင်ဈေးတောင်ရပ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဘို မြို့နယ်နေသူပိုင်ဆိုင်သည့် မြေကွက်နှင့် ၁ ထပ်နေအိမ် ၁ လုံး၊ သခွတ္တောရပ်၊အမှတ်(၆)ရပ်ကွက်၊ရွှေဘိုမြို့နယ်နေသူပိုင်ဆိုင်သည့် မြေကွက်နှင့် ၂ ထပ်နေအိမ် ၁ လုံး ၊ အမှတ်(၅)ရပ်ကွက်၊ ရွှေဘိုမြို့နယ်နေသူပိုင်ဆိုင်သည့် မြေကွက် နှင့် RC ၁ ထပ်နေအိမ် ၁ လုံး ၊ မင်းရပ်၊ အမှတ်(၅)ရပ်ကွက်၊ရွှေဘိုမြို့နယ်နေသူပိုင်ဆိုင်သည့် မြေကွက်နှင့် ၁ ထပ်နေအိမ် ၁ လုံး ၊ တပ်မြို့တောင်(၁၃)လမ်း၊တပ်မြို့တောင်ရပ်၊ အမှတ်(၁၀) ရပ်ကွက်၊ ရွှေဘိုမြို့နယ်နေသူပိုင်ဆိုင်သည့် မြေကွက်နှင့် ၁ ထပ်နေအိမ် ၁ လုံးတို့ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ချိတ်ပိတ်သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင်စီမံခန့်ခွဲရေးရုံး တာဝန်ရှိသူတဦးက ” အရင်က ချိတ်ပိတ် သိမ်းဆည်းထားတာတွေလည်း ရှိတယ် ၊ မနေ့ကတော့ ၈ နေရာပေါ့ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ စစ်ဆေးပေါ်ပေါက်လို့ လုပ်ထုံးလုပ်နည်း ၊ နည်းဥပဒေအရ သိမ်းဆည်းတာ” လို့ ပြောပါတယ်။

ရွှေဘိုခရိုင်ထဲက မြို့နယ် ၆ ခု၊ ရွှေဘိုမြို့ပေါ်က လူနေအိမ် အဆောက်အဦးနဲ့ အိမ်ဝန်းခြံမြေတွေကို အခုလို ချိတ်ပိတ်သိမ်းဆည်းထားတာဟာ ၃၀ ကျော်ရှိနေပြီး ဆက်လက် ချိတ်ပိတ်ဖို့ ကျန်နေသေးတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #နေအိမ်ချိတ်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW