ခရစ်ရော့ခ်ကို စင်ပေါ်မှာပါးရိုက်ခဲ့မှု မင်းသားဝီလ်စမစ် လူသိရှင်ကြားတောင်းပန်

ဝါရှင်တန်၊ မတ်-၂၉-၂၀၂၂ မျိုးဆက်(VOM) ဟောလိဝုဒ်အကျော်အမော် မင်းသား ဝီလ်စမစ်ဟာ အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်ကို စင်ပေါ်တက်ပါးရိုက်မိတာနဲ့ပတ်သက်ပြီး လူသိရှင်ကြား ပြန်လည်တောင်းပန်လိုက်ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ခရစ်ကို လူသိရှင်ကြားပြန်လည်တောင်းပန်ကြောင်းနဲ့ အပြုအမူဟာ လက်မခံနိုင်သလို ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ ဝီလ်စမစ်က ထုတ်ဖော်ပြောဆိုထားပြီး စိတ်လွတ်သွားပြီး အမှားကျူးလွန်ခဲ့မိတယ်လို့ သူကဆိုပါတယ်။ ဝီလ်စမစ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အော်စကာဆုပေးအဖွဲ့က ဝီလ်စမတ်ကိုပေးတဲ့ အော်စကာဆုအပေါ် တရား၀င်ပြန်လည်သုံးသပ်မှုပြုလုပ်မယ်လို့ ကြေညာပြီးနောက် ဝီလ်စမစ်က အခုလို တောင်းပန်လိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူ ဂျာဒါပင့်ကက်စမစ်ရဲ့ဆံပင်ကျွတ်နေတဲ့ အခြေအနေကို ရည်ညွှန်းပြီး ခရစ်ရော့ခ်က ဟာသလုပ်နောက်ပြောင် ပြောဆိုခဲ့တာကြောင့် ဝီလ်စမစ်ဟာ စင်ပေါ်တက်ပါးရိုက်ခဲ့တာဖြစ်ပါတယ်။ ဝီလ်စမစ်ဟာ တင်းနစ်အကျော်အမော် ဗီးနပ်စ်နဲ့ ဆီရီနာဝီလျံကို ပြုစုပျိုးထောင်ခဲ့တဲ့ ဖခင်ဖြစ်သူအကြောင်း ရိုက်ကူးထားတဲ့ King Richard ဆိုတဲ့ရုပ်ရှင်ကားနဲ့ သူ့ရဲ့ ပထမဆုံးအော်စကာဆုကို ဆွတ်ခူးခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဝါရှင်တန်

Read More

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ တူရကီရောက်ရှိနေ

အစ္စတန်ဘူ၊ မတ်-၂၉-၂၀၂၂ မျိုးဆက်(VOM) ရုရှားနဲ့ ယူကရိန်းတို့မှ ကိုယ်စားလှယ်အဖွဲ့ဟာ သီတင်းနှစ်ပတ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ တူရကီနိုင်ငံ မြို့တော်အစ္စတန်ဘူကို ဒီကနေ့ ရောက်ရှိပြီး ဆွေးနွေးမှုစတင်တော့မှာဖြစ်ပါတယ်။ မတ် ၂၉ ရက်မနက်ပိုင်းမှာ စတင်မယ့် အဲဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး ဆွေးနွေးသွားမယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။ ဒါပေမယ့် နှစ်ဘက်အကြား သဘောတူညီချက်ရရှိဖို့ကတော့ မျှော်လင့်ချက်နည်းပါးနေပါတယ်။ တူရကီသမ္မတ အာဒိုဂန်ကတော့ ဒီဆွေးနွေးပွဲဟာ ခိုင်မာတဲ့ရလဒ်တွေ ထွက်ပေါ်ရမယ့် အချိန်ဖြစ်တယ်လို့ တိုက်တွန်းပြောဆိုထားပါတယ်။ ရုရှားရဲ့ ရေနံရောင်းချမှုကို ပိတ်ပင်မှုအပါအ၀င် အရေးယူပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန်ချမှတ်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုထားပါတယ်။ ရုရှားသမ္မတပူတင်ဟာ အာဏာဆက်လက်မတည်မြဲသင့်တော့ဘူးလို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားခဲ့ပြီး ဒါဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ပြောဆိုမှုသာဖြစ်ပြီး အမေရိကန်ရဲ့ မူဝါဒမဟုတ်ကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ Ref: BBC Photo:Reuters…

Read More

ဟားခါးမှာ စာ​မေးပွဲမေးခွန်းတွေ သွားပို့တဲ့ ရဟတ်ယာဉ် ပျက်ကျ၊ (၅)ဦးဒဏ်ရာရ

မတ် ၂၉-၂၀၂၂ KK(VOM) ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စာမေးပွဲမေးခွန်းတွေ သွားပို့တဲ့ ရဟတ်ယာဥ်တစ်စီးဟာ ဟားခါးရဟတ်ယာဥ်ကွင်းမှာ ဒီကနေ့မနက်ပိုင်းက ပျက်ကျခဲ့ပြီး လူ(၅)ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ နကစပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဟားခါးမြို့အတွက် ပညာသင်ကျောင်းသားတွေ အချိန်မှီစာမေးပွဲဖြေဆိုနိုင်ဖို့ ဟားခါးမြို့ကို ရဟတ်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ဟားခါးရှိ ရဟတ်ယာဉ်ကွင်းအတွင်း ဆင်းသတ်စဥ် မတော်တဆမှုဖြစ်ကာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေးဒုဝန်ကြီးက ပြောပါတယ်။ “လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာဆိုတော့ မေးခွန်းတွေကို ရဟတ်ယာဉ်သုံးပြီးပို့တယ်၊ ကလေးမြို့ကနေ ဟားခါးကိုသွားတာ ဟားခါးရောက်တော့ ရဟတ်ယာဉ်က တောင်ပေါ်ဖြစ်တဲ့အတွက်ကြောင့် အောက်က လေပင့်အားနဲ့ မိသွားတဲ့အတွက် ရဟတ်ယာဉ်က ပြုတ်ကျသွားတာ၊ ထိခိုက်တဲ့သူတွေရှိတယ်”လို့ ပြန်ကြားရေးဒုဝန်ကြီးက ရှင်းပြပါတယ်။ အဲ့ဒီ ရဟတ်ယာဥ်ပျက်ကျမှုမှာ တပ်မတော်သား ၂ ဦး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ နစကပြန်ကြားရေးကနေ သိရပါတယ်။ လက်တ​လော…

Read More
VOM News

FREE
VIEW