မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဒေါ်ရွှက်နုအောင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပ​ဒေနဲ့အမှုဖွင့်

ဧပြီ ၂၉-၂၀၂၂
(VOM)

ဧပြီ ၂၇ရက်မနေ့က အိုးဘိုထောင် တရားရုံးကအပြန် ပျောက်ဆုံးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဖမ်းဆီးခံရတဲ့ကိစ္စကို VOM က လိုက်လံစုံစမ်းတဲ့အခါ ဖမ်းဆီးခံရတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ” ပြီးတဲ့လက ဖမ်းခံရတဲ့ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့ ရှေ့နေတ​ယောက်ကို ဖမ်းစစ်တော့ သူ့ထွက်ချက်အရ ဖမ်းတယ်”လို့ ပြောပါတယ်။

ဒေါ်ရွက်နုအောင်ဟာ ဧပြီ၂၇ရက်က အိုးဘိုထောင်အတွင်းမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုရုံးချိန်းအတွက် အမှုလိုက်ပါဆောင်ရွက်ခဲ့ပြီး ပြန်လာတဲ့လမ်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ NLDပါတီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းအချို့ကနေ သိရပါတယ်။

မန္တလေးရှေ့နေအသိုင်းအဝိုင်းရဲ့အပြောအရ ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀ည နဲ့ ဖမ်းဆီးအမှုဖွင့်လိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတချို့ကို ပေးပို့တဲ့ ဖမ်းဆီးခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစည်သူဆိုသူရဲ့စစ်ကြောရေးထွက်ဆိုချက် မှတ်တမ်းဗီဒီယိုဖိုင်အရတော့ ဒေါ်ရွှက်နုအောင်ကို ဖမ်းတဲ့ကိစ္စဟာ ထွက်ဆိုချက်နဲ့ ပတ်သက်ဖွယ်ရှိနေပါတယ်။

ရှေ့နေဒေါ်ရွက်နုအောင်ဟာ NLDပါတီလက်ထက်က ဗစ်တိုးရီးယားအမှုကို နစ်နာသူဘက်က လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း မန္တလေးတိုင်းက ဝန်ကြီးဟောင်းတွေရဲ့ အမှုတွေကို ရှေ့နေ့အဖြစ်လိုက်ပါဆောင်ရွက်သူတဦးလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM # ဒေါ်ရွက်နုအောင်ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW